တက္ကသိုလ်ကျောင်းဝန်းထဲမှာ အတော်များများက Rsတွေလားဟု ထင်ရလောက်အောင်ပင် couple အင်္ကျီ တွေ အရုပ်တွေ ပန်းစည်းတွေနှင့် အလုပ်ရှုပ်နေသည်။
တော်တော် စွပိုတွေပါလားဟု Bam Bam တွေးမိသည်။
ဟုတ်တယ်လေ ပေးစရာနေ့တွေများဒီတစ်ရက်တည်းရှိတာကျ ကျန်တဲ့နေ့တွေများ ဘယ်သွားသေနေလို့ အခုမှပေးနေကြလည်းမသိဘူး
ပြီးတော့ပန်းစည်းတွေ စားမရဝါးမရတွေ ကြာရှည်ခံတဲ့ပန်းပင်တွေပေးတောင် ဟုတ်တုတ်တုတ်လေအကုန်လုံးကိုကြည့်ကာ ခေါင်းတစ်ချက်ခါလိုက်ပြီး အဆောင်ထဲဝင်လိုက်သည်။
သူက အခု စီးပွါးစီမံ တတိယနှစ်ကျောင်းသားတစ်ယောက် ကလေးမွေးပြီး တစ်နှစ်မှာ တက္ကသိုလ်ပြန်တက်ခဲ့တာဖြစ်ပြီး အမွှာလေးတွေတောင် ၄နှစ်ကျော်လို့ နောက်နှစ်ဆို မူကြိုတက်ရတော့မည်။
Taeyeonက အလုပ်သင်ဆင်းနေရပြီ သူမက နောက်နှစ်ဆို ဘွဲ့ရပြီ.....
ပြီးတော့ ....အဲတာက ထားပါလေ သူတို့ကိစ္စ အခု ကျွန်တော့ အကြောင်းပဲပြောမယ်.....သူများတွေ V Day မှာအသီးသီး ro နေသော်လည်း သူကတော့ Tutorial ဖြေရန်ကျောင်းရောက်နေခြင်း
သူတို့အတွဲကတော့ မနက်ခင်းကတည်းက မျက်နှာမတွေ့ရသေး
ဉီးက အသစ်ဖွင့်လိုက်သော MK gpလက်အောက်ခံ
MK shopping Centre ကိုအလုပ်ရှုပ်မယ့်နေ့ဆိုပြီး အစောကတည်းက သွားနှင့်ပြီ
သူကတော့ ကလေးနှစ်ယောက်ကိုယောက္ခမ လာပို့ခိုင်း၍ အမေနှစ်ယောက်ရှိတဲ့အိမ်ကို ဒရိုင်ဘာနှင့်ပို့ပြီး အခု ကျောင်းရောက်လာခြင်းသူ့ယောက္ခမက တစ်လတစ်ကြိမ် US ကပြန်လာတတ်ပြီး ယခင် Yi En အိမ်တော်မှာ သူ့အမေနှင့် ကလေးတွေနှင့် လာနေတတ်သည်။
သာ့မြေးတွေကို အလွမ်းပြေမှ USပြန်တတ်သည်။
ယောက္ခထီးလည်း တစ်ခါတစ်လေ ပါလာတတ်ပြီး ဒီလိုအချိန်မျိုးဆို သူတို့မှာ ကလေးမျက်နှာကို တစ်ပတ်လောက်မတွေ့ရ
ကလေးတွေက လိမ္မာတော့ အဖွားတွေနှင့်နေရှာသည်။Tutorial ဖြေတော့ လူတစ်ဝက်လောက်ကပျောက်၍ ဆရာမမှာ ပွစိပွစိရွတ်နေသေးသည်။