"ဦး.......ဖယ်...ဖယ်ပေးပါလားဟင်"
Bam Bam မနက်စာပြင်နေရင်း သူ့ခါးကိုဖက်ထားသောဦးကိုလှမ်းပြောလိုက်သည်။
အဒေါ်ကြီးက အဝတ်လျှော်ရမယ်ဆိုပြီး သူတို့နှစ်ယောက်ကိုရှောင်ပေးထား၍ မီးဖိုထဲမှာ ဦးရယ်သူရယ်နှစ်ယောက်တည်း။
"ဘာဖြစ်လို့လဲကွာ.....နှစ်ယောက်တည်းပဲရှိတဲ့ဟာကို ဘာဖြစ်လို့လဲ"
"ဟို....ကျွန်တော်မနေတတ်လို့.....ပြီးတော့ တခြားသူဝင်လာလို့မြင်ရင်လည်းမကောင်းဘူးလေ"
"ဟဟ....ဟုတ်ပါပြီ ကိုယ်က ချစ်သူရည်းစားတွေ လက်ထပ်ပြီးစ စုံတွဲတွေနေသလိုနေကြည့်ချင်လို့ပါ..."
"ဟို....ကျွန်တော်....တောင်းပန်ပါတယ်"
"Hak...hak...ဒီကလေးကတော့လေတောင်းပန်စရာမဟုတ်တာကို....ကယ်.....ဦး...ခုံမှာထိုင်စောင့်နေမယ်နော်"
Mark Bam Bam ရဲ့ခေါင်းလုံးလုံးလေးကိုတစ်ချက်မွှေးကြူလိုက်ပြီး ထမင်းစားပွဲကခုံမှာ ဝင်ထိုင်လိုက်သည်။
အိမ်သားတွေရှိနေလို့ ရှက်နေတဲ့ကောင်လေးကို တစ်အိမ်လုံး နှစ်ယောက်တည်းရှိ မှ အဝချစ်ပစ်မယ်ဆိုတဲ့အကြံကြီးနဲ့ပေါ့။
အနောက်ကနေ ကြည့်ရတော့ Bam Bam မျက်နှာကိုမမြင်ရပေမယ့်သူကျေနပ်လိုက်ပါတယ်။
ဘယ်နေရာမြင်မြင်အဓိကက Bam Bam ကိုမြင်ရဖို့အဓိက မလား........
(ဘယ်နေရာမြင်နေရလို့လဲမသိဘူးနော်😁😁😁)"Bam Bam ငါ့ကို ပန်းသီးဖျော်ရည်အမြန်"
Da Hyun က မီးဖိုထဲအလောတကြီးဝင်လာပြီးပြောတော့ မနေနိုင်တဲ့ Mark က
"သူဟင်း ချက်နေတယ်မအားသေးဘူး"
"ဟို...ရတယ်ဦး ကျွန်တော်လုပ်ပေးလိုက်မယ်"
Bam Bam ပန်းသီး ထုတ်ဖို့ရေခဲသေတ္တာဖွင့်တော့
"Bam Bam....မင်း ဘာလို့ ငါချိုးဖို့ရေမလုပ်ထားပေးတာလဲ"
Jae Hyun ကပါဝင်လာပြီးပြောလေသည်။
"ဟို.....ကျွန်တော်တောင်းပန်ပါတယ်.....ဒီမှာ ..ဟင်းချက်နေရင်းမေ့သွားလို့"
"မလိုဘူး ကလေးမင်းတောင်းပန်စရာမလိုဘူး"
ထိုအခါမှ Jae Hyun က သူ့ကိုမြင်ဟန်ဖြင့်မျက်လုံးပြူးသွားလေသည်။
သူမသ်ိခဲ့တဲ့ ကလေးရဲ့မနက်ခင်းတွေက ဒီလို သူများရဲ့ဝေယျာဝစ္စတွေလိုက်လုပ်ရင်းနေနေရတာလား......
အဲတာကိုမှ သူကပါအဆစ်ခိုင်းလိုက်သေးတယ်......."ဒီမှာ Jae Hyun Bam Bam က အခု တစ်အိမ်လုံးစားသောက်ဖို့ချက်ပြုတ်နေရတာ.... ဒါက်ိုတော့မင်းနားလည်ပေးသင့်တယ်။ပြီးတော့ ကိုယ်ချိုးဖို့ရေ စပ်တာပဲကွာ....ကိုယ်ဟာကိုယ်လုပ်လည်းရပါတယ်....မဟုတ်ရင်လည်းရေပန်းနဲ့ချိုးပေါ့ကွာ.....၂၃နှစ်အရွယ်လူငယ်တစ်ယောက်က ၁၈အရွယ်ကလေးကိုရေစပ်ခိုင်းရတဲ့အထိ
မင်းမလုပ်တတ်ဘူးလို့တော့မပြောနဲ့နော်.....မင်းထက်၅နှစ်နောက်ကျပြီးမှ ထမင်းစားလာတဲ့သူတောင်လုပ်တတ်တယ်လေ...""ဦး"
Bam Bam က Mark ကိုဝင်တားတော့
"နေ....ကလေး....ပြီးတော့ Bam Bam က အခု အိမ်ထောင်ရှိသူနော်....တကယ်ဆို မင်းတို့နဲ့ ဆိုင်တာဆိုင်တာ မပိုင်တော့ဘူးလေ.....အဲတော့ Bam Bam ကို အဲလိုခိုင်းတာတွေကို သူ့ယောင်္ကျားဖြစ်တဲ့ ကိုယ်က မကြိုက်တာမို့နောက်ဆင်ခြင်ပေးကြပါ
ပြီးတော့ Da Hyun ပန်းသီးဖျော်တာများဘာခက်လို့လဲ ကိုယ့်ဟာကိုယ်စိတ်ပြီး စက်ထဲထည့်လိုက်ရတာကို....မိန်းကလေးဖြစ်တဲ့ သူကယောင်္ကျားလေးလောက်တောင်မလုပ်တတ်ဘူးဆိုတာကတော့....အဟင်း...."ထိာအခါ ထိုမောင်နှမ နှစ်ယောက်လုံးက မျက်နှာက ကြိတ်နိုင်ခဲမရရုပ်တွေနှင့်
ကလေးကို ကြည့်လိုက်တော့လည်း အားနာနေတဲ့ရုပ်နှင့်စိတ်ချကလေးနောက်ဆို မင်းကို ဘယ်သူ့မှ မခိုင်းရဲအောင်ကိုယ်ကာကွယ်ပေးမှာမို့
ထိုအဖြစ်အပျက်အား အစအဆုံးမြင်ကာ ဝမ်းသာနေသူလည်းရှိပါတယ်။ဒါကတော့ တခြားသူမဟုတ်အဒေါ်ကြီးပင်။
******
Long Time no see
Earphone ပျက်သွားလို့စာရေးချင်စိတ်ကုန်သွားလို့မရေးဖြစ်တာပါ။
ခါတိုင်းခါက earphoneတပ်ပြီးစာရေးနေကြဆိုတော့လေ
Bနဲ့My lovely crown prince ကို အတတ်နိုင်ဆုံးအမြန်တင်ပေးပါမယ်
Ahgasestay💓💓💓
16.8.2019
![](https://img.wattpad.com/cover/187214414-288-k444972.jpg)