*7*zawgyi

245 3 0
                                    

ဦးရဲ့ ဒီ​နေ့ ငါ့ဧည့်​သည်​တွေ ညစာဖိတ်​ထားလို့ ပြင်​ဆင်​ထား​ပေးဆိုတဲ့ စကား​အောက်​မှာ Bam Bam အချိန်​ပိုင်းအလုပ်​ပင်​မသွားနိုင်​ဘဲ​ကျောင်းဆင်းတာနဲ့​ဈေး​ပြေးရပြန်​ပါတယ်​။

ဦးနဲ့ လက်​ထပ်​ပြီးတဲ့​နောက်​ပိုင်းသူ့ကံဇာတာ​တွေ အရမ်း​ကောင်းလာတယ်​ပြောရမလား သူ့ဘဝက အရင်​လောက်​မဆိုး​တော့ဘူး​ပြောရမလားဘဲ

အရင်​ကဆို မိုးလင်းတာနဲ့ တစ်​အိမ်​လုံးစားဖို့ သူတို့အကြိုက်​ပြင်​ဆင်​ပေးရတဲ့ကျွန်​တော်​ဟာအခု​တော့ ဦးတစ်​ယောက်​တည်းအကြိုက်​ပဲပင်​ဆင်​ရ​တော့တယ်​

လူတိုင်း အလုပ်​သွား​ကျောင်းသွားဖို့ပြင်​ဆင်​ပေးရတဲ့ကျွန်​တော်​ဟာ အခု ဦးအတွက်သာ ပြင်​ဆင်​ပေးရတယ်​

တစ်​အိမ်​လုံးရဲ့ အလုပ်​လုပ်​နေရလို့​ကျောင်း​နောက်​ကျမှ​စက်​ဘီးနဲ့ အသည်းအသန်​ပြေးရတဲ့ကျွန်​တော်​ဟာ အခု​တော့ဦး​မောင်းတဲ့ကားမှာအခန့်​သား

အချိန်​ပိုင်းအလုပ်​က ရတဲ့​ငွေနဲ့ Da Hyun ကိုမုန့်​ဖိုး​ပေးရင်း ပိုက်​ဆံကို ခြိုးခြံ​ခြွေတာရတဲ့ကျွန်​တော်​ဟာ အခု ဦး​ပေးတဲ့ မုန့်​ဖိုး​တွေနဲ့သုံးမကုန်​ဖြစ်​နိုင်​တယ်​

ညဖက်​ဆို အိမ်​အလုပ်​လုပ်​နေရတာနဲ့ သူတို့ခိုင်းတဲ့ဟာ မပြီးမချင်း မနားရတဲ့ကျွန်​တော်​ဟာ
ယခုဦး​ကြောင့်​ညစာစားပြီးတာနဲ့ ဘာမှလုပ်​စရာမလို ကိုယ်​ပိုင်​စာကြည့်​ချိန်​ရခဲ့ပြီ​လေ

ဦးကို ကျွန်​တော်​အရမ်း​ကျေးဇူးတင်​မိသလို.....

အရမ်းလည်း....... .....

ဟင်းချက်​စရာ​တွေဝယ်​ပြီးတာနဲ့ အိမ်​ပြန်​ရောက်​တော့ ည​နေ​လေးနာရီခွဲ​လေပြီ
အမြန်​အဝတ်​အစားလဲပီး apron ဝတ်​ကာ ချက်​ပြုတ်​ခြင်းကိုစတင်​ရ​တော့တယ်​

"သား​လေး အန်​တီဘာလုပ်​ပေးရမလဲ"
သူပြင်​ဆင်​နေတုန်း အ​ဒေါ်ကြီးကလာ​မေး​လေ၏

"အာ...အန်​တီ မရို မ​သေ ကျွန်​တော့်​ကို ငါး​လေး​တွေ​ကြော်​ပေးပါလား"
သူ ကင်​ချီနဲ့ချက်​ဖို့ ဝက်​သား​တွေကိုင်​နေရင်းနဲ့လှမ်း​ပြောလိုက်​တယ်​

Innocent Boy {Z+U}(complete)Where stories live. Discover now