ဘူဆန်ကစက်ရုံမှာပြဿနာပေါ်သည်ဟုဆိုလာသောစက်ရုံမှုးဖုန်းကြောင့်dateကလေးကိုဖျက်ပြီးစက်ရုံကိုအမြန်ပြေးရသည်။
ကလေးကိုလည်းမထားခဲ့ချင်တာနဲ့တစ်ခါတည်းခေါ်သွားလိုက်သည်။
ပြဿနာတွေပြီးတော့ည၇နာရီထိုးနေပြီ။
"ဥက္ကဌကြီးတို့ပြန်ဖို့ကမိုးအရမ်းချုပ်နေပြီထင်တယ်.......ကျွန်တော်တို့နေရာစီစဥ်ပေးရမလားခင်ဗျ"
စက်ရုံမှုးကအားတုံ့အားနာနဲပြောလာသည်။အစကချက်ချင်းပြန်ရန်ဆုံးဖြတ်ထားသော်လည်းသည်းလာသောမိုးကြောင့် မိတ်ဆွေဖြစ်သူLim Jae Beomရဲ့hotelကို အခန်းစီစဥ်ခိုင်းထား၍
"ရတယ်.....ကိုယ့်ဘာသာတည်းဖို့စီစဥ်ပြီးပြီ.....directorအတွက်တော့ အပင်ပန်းခံပေးလိုက်ပါဦး"
"ဟုတ်ကဲ့ ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦးခင်ဗျ.....ဥက္ကဌကြီးတို့လည်းပင်ပန်းရပြီ"
"ရပါတယ်.....နောက်တစ်ခါဒီလိုမဖြစ်စေအောင်အတတ်နိုင်ဆုံးကြိုးစားပေါ့....ဒါဆိုကျွန်တော်သွားပြီ"
ဘူဆန်မှာရွာသောမိုးသည်ဘယ်အငြိုးကြောင့်လဲမသိတော်ရုံနှင့်မစဲ.....သည်းထန်စွာရွာလေရာကားနားရောက်သည်နှင့်တစ်ပြိုင်နက်လူလည်းတစ်ကိုယ်လုံးစိုသလောက်နည်းပါးပင်ဖြစ်လေသည်။
ကားပေါ်ရောက်တော့Bam Bamကအိပ်ပျော်နေသည်။
သူလည်းမနိုးတော့ပဲ ကားကိုhotelဆီသာမောင်းခဲ့သည်။hotelရှေ့ရောက်တော့hotel mangerကထွက်ကြိုနေသည်။
သူလည်းအိပ်နေသောBam Bam ကိုမနိုးချင်၍ ချီလိုက်တော့
"အင်း......."
"ကျွတ်.....ကျွတ်....ပြန်အိပ်နော်"
ကလေးချော့သလို သူချော့လိုက်တော့
နိုးမယ်ထင်သောအအိပ်ဆတ်သောကောင်လေးသည် ပင်ပန်းနေ၍ထင် မနိုးဘဲသူ့ရင်ခွင်တွင်း၌တဖန်ပြန်အိပ်ပျော်သွားသည်။hotelထဲရှိ ဝန်ထမ်းတစ်ချို့ကတော့ သူတို့မန်နေဂျာတောင်အရေးတယူပြုရလောက်အောင် အရေးပါလှသည့်vvipပုဂ္ဂိုလ်နှင့်အတူ သူ့ရင်ခွင်ထဲက အ၀တ်ပုံထဲမှာနှစ်မြုပ်နေသောကောင်လေးကို လူ့သဘာ၀စပ်စုစူးစမ်းလိုသောစိတ်ဖြင့်ကြည့်နေကြသည်။