ချစ်သည်။ အဲလူသားကို ချစ်မိသည့်အချိန်မှစ၍ သူလိုအပ်တာကိုဖြည့်ဆည်းပေးချင်လာသည်။ သူ့ကိုမျက်နှာမညိုးစေရန်အတတ်နိုင်ဆုံး ထားချင်သည်။
သူ့ကိုကာကွယ်စောင့်ရှောက်ပေးချင်သည်။
အဲတာကတော့ ကျွန်တော့်ရဲ့သူ့အပေါ်ထားတဲ့ချစ်ခြင်းပင်ဖြစ်သည်။"ကလေး....မနက်ဖြန်ဘာလုပ်ဖို့ရှိလဲ"
ကုတင်ပေါ်မှာအဝတ်ခေါက်နေတဲ့ကောင်လေးကို Mark အလုပ်လုပ်နေရင်းလှမ်းမေးတော့
"အချိန်ပိုင်းအလုပ်တော့ရှိတယ်ဦး...ဦးကိစ္စရှိလို့လားဟင်"
"အင်း.....မနက်ဖြန်Khun က သူ့အိမ်တက်လုပ်မလို့တဲ့လေ အဲတာဦးကိုဖိတ်ထားတာ....ညနေလောက်တူတူသွားကြမလားလို့"
ယခုဦးက သူ့ကို တိုင်ပင်တာလား ဒါမှမဟုတ်ဦးကျင်လည်နေတဲ့ပတ်ဝန်းကျင်ထဲသူ့ကိုပါဆွဲသွင်းလာပြီလား....ဘာပဲဖြစ်ဖြစ်ဦးအပေါ်ထားတဲ့ သူ့မေတ္တာတွေကရောင်ပြန်ဟပ်ပြီးထင်ပါရဲ့
"ဟို...ကျွန်တော်ညစာပြင်ပေး"
"အဲတာတွေကို အဒေါ်ကြီးကိုလွဲလိုက်ပါလား....ကလေး အဆင်မပြေမှာစိုးရင်ဦး အန်ကယ်ကိုပြောပေးမယ်လေ...."
"ဟို...ရပါတယ်ဦး"
"အင်း.....အဲတာဆိုဦးရုံးကအပြန်စာကြည့်တိုက်ကိုဝင်ခေါ်လိုက်မယ်နော်"
...............
"ဦးတို့ Mart အရင်ဝင်မှထင်တယ်....လက်ဆောင်ပေးဖို့"
ဦးကသူ့ကိုလာကြိုရင်းကားပေါ်တက်တက်ချင်းပြောတော့
"ဟုတ်....ဦး"
သူပြောတာက ဦးကို အသည်းယားသွားစေသလားမသိ သူ့ခေါင်းကိုဆွဲဖွပြီး
"ဒီကလေးကတော့ကွာ....ဘာပြောပြော ဟုတ်ဟုတ်နဲ့ ချစ်ဖို့ကောင်းအောင်"
Martကိုရောက်တော့သူတို့ဝိုင်တွေရှိတဲ့အခြမ်းကိုအရင်လာလိုက်တယ်။