ကိုယ်ဝန်ငါးလကျော်လို့၆လထဲဝင်လာတဲ့Bam Bamဟာ စူလုံးလုံးလေးနှင့်ချစ်စရာလေးပင်
အ၀တ်အစားက အရင်ကဟာတွေမတော်တာကြောင့် သူ့ယောင်္ကျားရဲ့ oversizeအင်္ကျီတွေနဲ့ အောက်ကလည်း လေ၀င်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီ ကိုသာ ၀တ်ထားရသည်။
ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ဉီးလည်းကုမ္ပဏီကို သိပ်မသွားတော့ဘဲ အိမ်မှာသာ အဖော်နေပေးသည်။
မနက်ခင်းဆို စောစောမထစေဘဲ အိပ်ရေးဝအောင်အိပ်ခိုင်းတတ်သည်။
ပြီးရင် ကိုယ်ဝန်ဆောင်တွေနဲ့ သူ့ယောင်္ကျားတွေသာတူတူလုက်ရသည့် ကျန်းမာရေးယောဂ ကိုလည်းတူတူလုပ်ဖြစ်သည်။အစားအသောက်ဆိုလည်း ဉီးက သူဖတ်ထားတဲ့ဆေးစာအုပ်ကြီးတွေချပြီး စီစစ်၍ အဒေါ်ကြီး တွေကပင် ကဲကဲသဲသဲဉီးဟု စတတ်ကြသည်။
ကလေးတွေက လိမ်လိမ်မာမာနေ၍ ထင် သူ့မှာ စားသမျှအစာတွေအကုန်ဝင်နေ၍ ပါးကြီးပင်ဖောင်းနေသောကြောင့် ဉီးက တရွှတ်ရွှတ်နမ်းနေတတ်သည်။
သို့သော်သူနှင့်ဆန်ကျင်စွာဉီးက အစားအသောက်ပျက်နေ၍ မမSofiaဆိုလျှင် အမြင်ကတ်လှပါတယ်ဟု စနေတတ်သည်။"အာ ဉီးကို ပြောဖို့မေ့နေတာ မမက ဆေးလိုင်းကို ရွေးလိုက်တယ်တဲ့ ကြည့်ရတာ အစ်ကို Khun ကြောင့်မို့ထင်တယ်နော် အဲတာနဲ့မှန်းအဖြေမပေးသေးဘဲနဲ့မူနေသေးတယ်"
ဉီး က ဗိုက်ကြောလေးတွေ မပျက်အောင်ဆိုပြီး သံလွင်ဆီလေးတွေလိမ်းပေးနေတုန်းသူပြောလိုက်သည်။
"ဟင်း....."
ရုတ်တရတ် ဉီးက သက်ပြင်း ချလာ၍ ကြောင်မိသွားသည်
"ဉီး ဘာဖြစ်လို့လဲဟင်"
ဉီးမှ သံလွင်ဆီဘူးကို ချပြီး သူ့အားစေ့စေ့ကြည့်ကာ
"တောင်းပန်ပါတယ် ဉီးကြောင့် ကလေးလည်း သူများတွေလိုကျောင်းမတက်ရတာ
ကိုယ်သာဆင်ခြင်ခဲ့ရင်""ဟာ....ဉီးကလည်း ဘယ်လိုတွေပြောလိုက်တာလည်း ဉီးအမှားမှ မဟုတ်တာ ကျွန်တော်လည်းအလိုတူအလိုပါပဲကို ဉီးကအဲလိုပြောတော့ ဘယ်စိတ်ကောင်းပါ့မလဲ ပြီးတော့ ကျောင်းက ဘယ်အချိန်ပြန်တက်ပြန်တက်ရတာပဲဟာကို နောက်ခါထပ်မတောင်းပန်နဲ့နော် ကျွန်တော်လည်းစိတ်မကောင်းသလို ကလေးတွေလည်းစိတ်ကောင်းမှာမဟုတ်ဘူး"
![](https://img.wattpad.com/cover/187214414-288-k444972.jpg)