*32*zawgyi

279 11 2
                                    

"ကဲ ကလေးတို့နှစ်ယောက် ဖက်ထားမယ်နော် ကင်ချီ 123"

အထက်တန်းကျောင်းဆင်းပွဲပင်ဖြစ်လင့်ကစား ဘွဲ့ယူသည့် အခမ်းအနားဟု ထင်မှတ်ရလောက်အောင်ပင် Bam Bam တို့အဖွဲ့မှာ အလုပ်ရှုပ်နေသည်။

မနက်ပိုင်းက အမေတို့လာတဲ့အပြင် ဉီးရယ် သူရယ် မမရယ် အစ်ကို Khun ကလည်းပါလာသေးသည်။

မမSofiaကတော့ Americaက အိမ်ကို ခနပြန်သွား၍ မလာ....

"ကလေး ဗိုက်ဆာနေပြီလား"

ဉီးပြောမှ Bam Bam လည်းဗိုက်ဆာဖို့သတိရနေသည်။

"အင်း ဆာနေပြီဉီး ကျွန်တော် မမကို မေးကြည့်ဉီးမယ်ဘာစားမလဲလို့"

ခပ်လှမ်းလှမ်းက အစ်ကို Khun နဲ့တွပ်ထိုးနေတဲ့မမဆီသွားပြီး

"မမ နင် ဆာနေပြီလား ဘာသွားစားမလဲ"

ဘယ်လိုပဲ ကိုယ်ရဲ့ အမွှာအစ်မဆိုဆို နဂိုက အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သောကြောင့် တစ်ခါတစ်လေ နှုတ်မကျိုးသေးတာရှိနေသည်။

"ရတယ် ဘာပဲဖြစ်ဖြစ်"

"ဒါဆို အစ်ကို ဟိုးတစ်လောက ဆေးရုံက ၀န်ထမ်းတွေနဲ့သွားတုန်းက အစား ကောင်းကောင်း အဆင်ပြေတဲ့ဆိုင်တွေ့ထားတယ် သွားမလား"

အစ်ကို Khun က၀င်ပြောလာတော့ သူတို့ အကုန်သဘောတူလိုက်ပြီး ထိုဆိုင်သို့ထွက်ခဲ့ကြသည်။

ဆိုင်လေးသည် အတော်အတန်ကျယ်ပြီး နှစ်ထပ်ရှိလေသည်။

အောက်ထပ်က အခန်းတွေဖွဲ့ထားတာဖြစ်၍ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်စားရန် အောက်ထပ်ကို သာရွေးချယ်လိုက်သည်။

အခန်းသို့အသွား....

"Bam Bam"

Bam Bam အားလူတစ်ယောက်က လှမ်းခေါ်မိ၍ အကုန်လှမ်းကြည့်မိသည်။

"ဉီးလေးငယ်"

ထိုသူကား Bam Bam မိထွေး၏ မောင်ပင်ဖြစ်သည်။

"ဒီနေ့ကျောင်းဆင်းပွဲလား"

"ဟုတ်....ဉီး ဒါ အန်တီရဲ့မောင်လေ"ဘေးက ဉီးနဲ့ ဉီးလေးငယ်ကို ပါမိတ်ဆက်ပေးလိုက်သည်။

"မင်္ဂလာပါ Cho In Sung လို့ခေါ်ပါတယ် ဒီဖက်က Bam Bam အမျိုးသားထင်တယ် "

"ဟုတ်ကဲ့ ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ ကလေး ဉီးလေးနဲ့ ပြောစရာရှိသေးလို့လား.... ဉီးတို့ သွားနှင့်မယ်လေ"

"ဟုတ်ဉီး ဒါနဲ့ ကျွန်တော့်အတွက်က ပင်လယ်စာ  ဟင်းချိုရယ် သီးစုံထမင်းကြော်ရယ်မှာထားပေးနော်"

"အေးပါ အေးပါ မကြာစေနဲ့နော်"

Mark တို့ထွက်သွားပြီး အခန်းထဲရောက်သည် အထိလိုက်ငေးမိတော့

"အဟမ်း"

"ဟီး ဉီးလေးငယ်"
မချိသွား သာဖြဲပြလိုက်သည်။ဉီးလေးငယ်ကို  သူပစ်ထားလိုက်သည်မလား...

"အာ အဲဒါဆို ဒီဆိုင်က ဉီးလေးငယ်ဆိုင်ပေါ့"

"အင်း ဘာသောက်မလဲ "

ဉီးလေးငယ်ရုံးခန်းအားဝေ့ဝိုက်ကြည်လိုက်ကာသူမေးမိသည်။

ဉီးလေးငယ်သည် လွန်ခဲ့တဲ့နှစ်နှစ်ကမှ အိမ်ကထွက်သွားခြင်းဖြစ်သည်။

ယောင်္ကျားလေးသာ စိတ်ဝင်စားတဲ့ ဉီးလေးငယ်ကြောင့် Song သခင်မက သူနဲ့ဉီးလေးငယ်ကို နီးကပ်စွာမနေခိုင်းခြင်းဖြစ်သည်။

Song သခင်မ အတန်တန်တားနေတဲ့ကြားကပင်ဉီးလေးငယ်သည် ကနေဒါနိုင်ငံသားAlexဆိုသူနှင့်လက်ထပ်ပြီး အိမ်မှ ထွက်သွားခဲ့သည်။

"မင်း တို့လက်ထပ်တာ သတင်းမှာတွေ့လိုက်တယ်"

"အာ...ဟုတ်လား"

ဉီးလေးငယ်သည် ရုတ်တရက် သူ့ဗိုက်ကိုစိတ်ဝင်စားသွားပြီး

"ဒါနဲ့ ပူနေတဲ့ ဗိုက်က ကိုယ်ဝန်လို့မပြောနဲ့နော်"

"ဟီး....17ပတ်ရှိနေပြီ"

"Oh god သွက်လိုက်တာ ငါ့တူသမက်က"

"ဟာ ဉီး လေးငယ် နော်....ဒါနဲ့ ဉီးလေးငယ်အမျိုးသားရော"

"ကုမ္ပဏီမှာလေ သူ့အိမ်ကလက်ခံတယ် ဘာမှတောင်မဖြစ်ဘူး မမတို့ကသာ ဟိုးတစ်လောကလဲ သတင်းကြားလို့သွားတွေ့တော့ ငါ့ကို အပမှီတဲ့လူကို ဆက်ဆံတဲ့အတိုင်းမောင်းထုတ်တာ Dahyun လည်းသူ့အမေအတိုင်းပဲ ကိုယ်ဝန်နဲ့မို့ ကူညီတာတောင် အကြောတင်းက မယူဘူး ဒါနဲ့ပြန်ကြားတယ် မမတို့အစားငါတောင်းပန်ပါတယ်"

"မဟုတ်တာ ဉီးလေးငယ်အမှားမှမဟုတ်တာ...ပြီးခဲ့တာပြီးပါစေတော့ ဒါနဲ့ ခုနကတွေ့တာ  မမအရင်းလေ မေမေနဲ့လည်းပြန်တွေ့တယ်"

"၀မ်းသာစရာပဲ Baby လေးမွေးရင် လည်းဖုန်းဆက်ဉီးနော် ဘာလေးဖြစ်မလဲမသိဘူး"

ထိုအခါ Bam Bam မှရှက်ပြုံးလေးဖြင့်

"အမွှာလေ ကဲပါကျွန်တော်သွားပြီ ဉီးပြောတော့မယ်"

"အေးပါအေးပါ"



******

ကျောင်းဖွင့်ရက်မှာစာကျက်နေရလို့ပါ စနေတနင်္ဂနွေပဲ upဖြစ်ဖို့များသွားပြီ😢


Ahgasestay💓💓💓
11.1.2020


Innocent Boy {Z+U}(complete)Where stories live. Discover now