ဘေးကနေရာအလွတ်ကြောင့် ရုံးပိတ်ရက်ဆိုသော်ငြား Markနိုးလာသည်။
ဝတ်ထားတဲ့Bathrobeကို သေချာပြန်ပြင်ဝတ်လိုက်ပြီး အမွှာတို့အခန်းသွားလိုက်သော်လည်း အဖေသေးသေးလေးကမရှိ
အောက်ထပ်ဆင်းရှာတော့ မီးဖိုခန်းထဲမှာ ညကသူဝတ်ပေးထားသော Oversizeအင်္ကျီကိုမှ အောက်ကဘောင်းဘီရှည်ဝတ်ထားလျက်တကုတ်ကုတ်နှင့်အလုပ်ရှုပ်နေလေသည်။
Bam Bamမှာညက ဉီးနှင့် အချစ်ခရီးဆင်နွှဲထားသော်လည်းမထပဲမရ လူကြီးတွေမနက်စာက အရေးမကြီးသော်လည်း အမွှာတို့က သူတို့အချိန်မကျွေးလျှင်ငိုမှာစိုး၍ ထလာခဲ့သည်။
နို့ အေးမအေး လက်ခုံပေါ်ချကာစမ်းနေတုန်း အနောက်က ရင်းနှီးနေသော ကိုယ်သင်းရနံ့နဲ့အတူ ခါးကို တင်းကြပ်စွာဖက်ထားခြင်းပါခံထားရသည်။
အနောက်က ဖက်ထားပြီး ကလေးဆိုးလေးတော့အီနေတော့ Bam Bam ပြုံးမိသွားသည်။
"အိပ်ရေးမ၀သေးဘူးမလား ပြန်အိပ်ဉီးလေ "
"ကလေးဘေးနားမှာမှ မရှိတာ"
"အမွှာတွေ ငိုနေမှာစိုးလို့ နို့ထဖျော်တာ Diaperလည်းလဲပေးမှ ရမှာလေ"
"အင်းပါ ပြီးရင်ပြန်အိပ် ဒါနဲ့ အဆင်ပြေရဲ့လား"
"ဘာကို...အာ ဆေးသောက်ထားပါတယ် ပြီးပြီ သွားမယ်ဉီး"
အနောက်လှည့်ကာပြောမိတော့ မျက်စိမှိတ်လျက်ရှိနေသည့်ဉီးက နှုတ်ခမ်းကိုတစ်ချက်နမ်းပြီး ဒူးအောက်ကလက်လျှိုပြီးပွေ့လာသည်။
မျက်စိသာမှိတ်ထားတာ နေရာကမလွဲဘူး
"ကလေး ပင်ပန်းမှာစိုးလို့"
"ဉီးကတော့လေ"
ပြောသာပြောတာ ချစ်ဖို့ကောင်းသော ဉီးကြောင့် ပါးလေးကို မနမ်းပဲ မနေနိုင်၍ ဆုပေးလိုက်သည်။
အမွှာတို့အခန်းထဲရောက်တော့ Daniel ကအာသီးလေးပင်မြင်အောင်အော်ငိုနေပြီး Lucia လေးက ငိုမဲ့မဲ့ဖြစ်နေပြီ
၃လကျော်သာရှိသော အမွှာလေးတွေသည် အချိန်မှန်နို့တောင်းတတ်နေပြီ
"ဉီး Nielလေးကို လုပ်ပေးလိုက်မယ်"
ဆိုလာ၍ သူလည်း Luluလေးကို ချီယူကာ ချော့ရသည်။
ကလေးတွေက ဖအေတွေလည်းမြင်ရော မငိုတော့၍ တော်သေးသည်။
"အူးဝါး ပါပါးရဲ့ Nielလေးက ဘွတ်ဘွတ်တွေပါထားတာပဲ"
(ဘွတ်ဘွတ်=အလေး မနွေးညီမလေးဆို၎တန်းထိအဲလိုပဲပြောတာ)
ကလေးနှစ်ယောက်ကို Diaperလဲ သန့်ရှင်းရေးလုပ် ပေါင်ဒါလေးပုတ်ပြီး မွှေးကြိုင်စေသည်။
ဒါတွေကတော့ အဖေနှစ်ယောက်ရဲ့ကျွမ်းကျင်တဲ့အလုပ်တစ်ခု....
နှစ်ယောက်သား နို့ဘူးလည်းရရော အငမ်းမရစို့ပြီး ပြန်အိပ်ပျော်သွားကြသည်။
အိပ်နိုင်လွန်းတဲ့ အိပ်ပုတ်လေးတွေ....
ကလေးတွေအိပ်ပြီးတော့ အဖေတွေလည်းပြန်အိပ်တော့သည်။
ညကအိပ်ရေးပျက်ထားသည်မလား....
ရုံးပိတ်ရက်မို့စိတ်ပူစရာမလို့
နေ့လည်ခင်းမှထကြမည်။******
ဖုန်းကအခိုးခံလိုက်ရတော့ဒုက္ခရောက်သွားတာ
ကြားထဲစာမေးပွဲရှိတာနဲ့ အပြီးထိတောင်မဖြေလိုက်ရပါဘူး
အသစ်တင်ချင်ပေမယ့် Typeပျင်းနေသောမမနွေးပါလေ
ဘယ်OTP ကိုသဘောအကျဆုံးလဲဖြေပေးကြပါလား
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ
Ahgasestay💓💓💓
30.3.2020
![](https://img.wattpad.com/cover/187214414-288-k444972.jpg)