အမေရိကန်အခြေစိုက် ကိုရီးယားက အကြီးမားဆုံးGpတစ်ခုဖြစ်တဲ့Tuan gp၏တစ်ဉီးတည်းသောသား
MK GP ပိုင်ရှင် Mark Tuan Yi En နှင့် Bam Bam တို့၏ မင်္ဂလာပွဲကိုရီးယား၏ အကြီးဆုံး ခန်းမတွင်ပြုလုပ်တာဖြစ်တာပီး အစားအသောက်ဝန်ဆောင်မှု အထွေထွေဝန်ဆောင်မှုစသော အလုပ်များနှင့် ခန့်အပ်ခံထားရတဲ့ ၀န်ထမ်းက ၁၅၀ခန့်
နိုင်ငံကျော်စာဖိုမှူး ၅ဉီးနှင့်အတူ လက်ထောက်စာဖိုမှူး အယောက်30
ပွဲအပြင်အဆင်က ကိုရီးယား၏ နာမည်ကြီး Designerကိုယ်တိုင်စီစဉ်ထားတာဖြစ်သည်။
ကိုရီးယား၏ ကြီးကျယ်သောမင်္ဂလာပွဲဖြစ်တာနဲ့အညီ သတင်းဌာနအမျိုးမျိုးက လူတွေကအများအပြား....
ယောင်္ကျားလေးနှစ်ယောက်ရဲ့မင်္ဂလာပွဲဖြစ်တဲ့အတွက် LGBT ထောက်ခံသူတစ်ချို့ကိုလည်းမင်္ဂလာပွဲမှာတွေ့ရတတ်တယ်.....
သို့ပေမယ့် သူတို့တွေရှာနေတဲ့ သူနှစ်ယောက်က အခုထိ မမြင်ရသေး.......
ပွဲရဲ့ဇာတ်လိုက်သတို့သားနှစ်ယောက်
အခန်းတစ်ခုတွင်
"အ....ဉီး မရသေးဘူးလား"
"ကျပ်နေလို့ ကလေး ခနလေးနော်...ကလေးက ဘာဖြစ်လို့ကျပ်လာပါလိမ့်"
အ၀တ်လဲခန်းထဲတွင် Bam Bam ၏ ဘောင်းဘီဇစ်ကို မရမက တက်နေသော Mark
တစ်နေ့ထက်တစ်နေ့ပိုပူလာတဲ့အမွှာဗိုက်ကြောင့် လွန်ခဲ့တဲ့တစ်ပတ်က ချုပ်ခဲ့တဲ့ ဘောင်းဘီမှာ ကျပ်သွားခြင်း
"ဟား...ရပြီ ကလေးရေ ဟူး"
Bam Bam ကိုဘောင်းဘီဇစ်တတ်ပေးပြီးမော့ကြည့်လိုက်တော့ ကလေးမျက်နှာက မသာမယာ
"ဟင်...ကလေး ဘာဖြစ်လို့လဲဟင်"
"ဟို အပေါ့သွားချင်လာလို့ဟူး"
သေလိုက်ပါတော့ Mark Tuan ရာဟုသာ အော်ချင်တော့သည်။
အခုလေးတင်မှ ဘောင်းဘီဇစ်ကိုမရမက တပ်ထရတာလေ
"ဟိုကလေး ပြီးမှသွားပါလား အခမ်းအနားစတော့မယ်ကလေးရဲ့"
"အောင့်မှမအောင့်နိုင်တော့တာကို ဟင့် ဘယ်လိုလုပ်ရမလဲ"
ထိုအချိန်တွင် မင်္ဂလာ ပန်းကြဲဖြစ်တဲ့ Sofiaနဲ့ လက်စွပ်ကိုင်ဖြစ်တဲ့ Tae Yeon မှာလည်း သတို့သားနှစ်ယောက်ကို လိုက်ရှာနေကြသည်။
တွေ့လိုက်ရတော့ အ၀တ်လဲခန်းထဲမှာမျက်နှာမသာမယာနဲ့
"ဟိုမှာအခမ်းအနားစပြီတဲ့ လာကြတော့လေ"Sofiaကပြောတော့
"မမ သားအပေါ့သွားချင်လို့ ခနလောက်မရဘူးလားဟင်"
"ဟို မောင်လေး ခနနေမှသွားလိုက်ပါလား ပွဲက မကြာပါဘူး ၁၀မိနစ်လောက်ပါပဲ"
Bam Bam မှာအင်တင်တင်နဲ့ခေါင်းငြိမ့်ပြီး Mark လက်ကို ချိတ်လို့ ခန်းမ ကိုသာသွားရတော့သည်။
ခန်းမထဲရှိ ဘိသိတ်ဆရာ Khun မှာဖြင့် သတို့သားနှစ်ယောက်ဝင်လို့ရပါပြီ ပြောနေတာ ၃ခေါက်လောက်ရှိရောပေါ့
သူများတွေမင်္ဂလာပွဲက ဘယ်လိုလဲမသိပေမယ့် Mark ကတော့ မြန်မြန်ပြီးအောင် လမ်းကိုတောင် Slow motion နဲ့မလျှောက်ပဲ အမြန်လျှောက်နေရသည်။
သူတို့ လင်ခင်ပွန်းလျှောက်တာအရေးမကြီး အရှေ့က မမနှစ်ယောက်မှာ ဂါဝန်တကားကားနှင့် ကျားလိုက်သလို လျှောက်ပေးနေရသည်။ပရိသတ်တွေကတော့ အထူးအဆန်းကြည့်လျက်"ကဲ သတို့သားနှစ်ဉီးနမ်းလို့ရပါပြီ"
ဒီအသံသည် ဒီနေ့ကြားရသမျှအသံတွေထဲတွင် မင်္ဂလာ အရှိဆုံးအသံဟု Mark ထင်မြင်မိသည်။
ကလေးမျက်နှာကို ကြည့်လိုက်တော့ ချွေးစေးလေးတွေနှင့် ကလေး က ရှက်နေရှာသည်ထင်
တဖြည်းဖြည်းအနားတိုးကပ်သွားပြီး နှုတ်ခမ်းနှစ်ခုထိလုထိခင်မှာ ကလေးဆီက စကားဟာ သူအတွက်ရင်အခုန်ဆုံးပါပဲ...."ဉီး ကျွန်တော်ထွက်ကျတော့မယ်တဲ့"....
*******
နောက်တစ်ခန်းကိုမှောင်လိုက်ရင်ကောင်းမလား🌚🌚🌚ကျောင်းပြောင်းတဲ့ ကိစ္စနဲ့ရှုပ်နေလို့ပါ
ကိုယ့်မှာအခုထိကျောင်းမအပ်ရသေးတဲ့အဖြစ်😢😢😢
Ahgasestay💓💓💓
10.12.2019