နောက်တစ်ပတ်ဆို Bam Bam တို့စာမေးပွဲစတော့မည်။
သူတို့ဒီတစ်ခေါက်လပတ်စာမေးပွဲပီးရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးသာကျန်တော့မည်။
သူစာမေးပွဲမှာအမှတ်ကောင်းကောင်းရမှာသာ သူတက္ကသိုလ်ကောင်းကောင်းတက်နိုင်မည်။
ထို့မှသာဘွဲ့ရမှ အလုပ်ကောင်းကောင်းရမည်။သူ့ရည်ရွယ်ချက်ကတော့ ဘွဲ့ရအလုပ်ကောင်းကောင်းရရင် ဒီအိမ်မှထွက်ရန်ဖြစ်သည်။
ဘွဲ့မရသေးရင်တောင် တက္ကသိုလ်ကျောင်းသားဖြစ်လျှင် ယခုထက်တော့် အချိန်ပိုင်းအလုပ်ကိုပိုလုပ်နိုင်မည်။
အဆောင်မှာဖြစ်ဖြစ်နေပြီးတော့ ကိုယ့်ဘဝကိုယ်ကျောင်းမည်။ကိုယ့်ကို အစေခံလိုသာသဘောထားသည့်အိမ်တွင်ဆက်မနေချင်တော့ပေ။
ကျေးဇူးကန်းတယ်ပဲဆိုဆို ကိုယ့်ကိုသားလို့မသတ်မှတ်သော ဖအေနဲ့လည်းအတူမနေချင်တော့ပေ။
ထို့အစား သူ့အမေကိုရှာမည်။
သူ့ကိုဘယ်လိုပဲ ရခဲ့ရခဲ့ သူ့ကိုမွေးထုတ်ပေးလိုက်သည့် အမေဖြစ်သူကိုတော့ရှာချင်သေးသည်။ဦးနှင့်သာလက်ထပ်ရင် အမေဖြစ်သူကိုရှာပေးမယ်လို့ပြောထားသော်လည်း ရှာပေးမှာ မဟုတ်၍ တက္ကသိုလ်တက်တာနဲ့ကိုယ့်ဘာသာ ရှာရန်စိတ်ကူးထားသည်။
"ဘာတွေတွေးနေတာလဲ"
ကိုယ့်အတွေးနဲ့ကိုယ်စာကြည့်စားပွဲမှာတွေးနေရင်းမှ ရေချိုးခန်းထဲမှ ထွက်လာသောဦးက ရုတ်တရတ် လက်ဖြင့်ပါးကိုလာကပ်လိုက်သောကြောင့်အေးသွားပြီး
"မဟုတ် မဟုတ်ပါဘူး...ဒီတိုင်း"
"စာနားမလည်ဘူးလား.....ဦး guide ခေါ်ပေးရမလား"
"အာ....နား...နားလည်ပါတယ်"
စာကနားလည်ပြီး နားမလည်နိုင်သည်မှာဦးကိုဖြစ်သည်။
ဦးသည် ဟိုးတစ်နေ့ခရီးက ပြန်လာပြီးကတည်ကတော်တော်ထူးဆန်းလာသည်။