"အို့....အို့....အိပ်ပါ သားလေးရယ် ကျွတ် ကျွတ်"
အချိန်သည်ကား ည၁နာရီကျော်နေပြီ သားလေးက မအိပ်သေး တရေးနိုးပေမယ့် ပြန်မအိပ်သေး၍ Markမှာ သားလေးရဲ့ ဖင်လေးကို ပုတ်ကာချော့သိပ်နေသော်လည်း သူက မျက်လုံးအပြူးသားနဲ့ ကြည့်နေသည်။
လူက ၅ရက်သားသာ ရှိလို့တော်တော့မည် လည်လိုက်တာလွန်ရော သူ့appaအိပ်နေ၍ အသံမထွက်ဘဲရှိနေတာ
အကြီးကောင်လေးနာမည်က Daniel Tuan Yi EnYi Enမျိုးရိုးရဲ့ မျိုးဆက်သစ်လေး
သူ့ညီမ Lucia Tuan Yi En လေးက အိပ်ပုတ်
ကလေးတွေက ငယ်သေးလို့ ဘယ်သူနဲ့တူတယ်ဆိုတာ ခွဲခြားဖို့ခက်ပေမယ့် သူတို့နှစ်ယောက်နဲ့တူရင်တော့ ချောမှာအသေအချာပင်သူကလေးချော့နေတုန်း ကုတင်ပေါ်က Bam Bam မှနိုးလာသည်။
"Niel လေး နိုးလေးတာလား ဉီး"
"ဟုတ်ပ ကလေးရယ် ပြန်မအိပ်တာလေ သေးစိုတာလည်းမဟုတ်ဘဲ မအိပ်ဘဲနေနေတာ"
"ကျွန်တော်ကို ပေးကြည့်လာ"
Bam Bamမှကုတင်ပေါ်ကလက်လှမ်းတော့
Mark Tuan Bam Bam ရဲ့ကုတင်ကိုအနည်းငယ်မြင့်ပေးလိုက်ပြီး သက်တောင့်သက်သာ အနေအထားရအောင် ပြင်ပေးလိုက်သည်။
ထို့နောက်ခေါင်းအုံး တစ်လုံးကို Bam Bam ရဲ့ပေါင်ပေါ်တင်ထားပြီး ကလေးကိုတင်ပေးလိုက်သည်။
"ကျွန်တော့်ကို တပတ်ပေးပါလားဉီး"
ကလေးက တပတ်တောင်းတော့ ကြက်သီးနွေးရေလေးဖြင့်တပတ်ကိုစွတ်ပြီးကလေးဆီပြန်လာလိုက်သည်။
ဆေးရုံဝတ်စုံကြယ်သီးအားသုံးလုံးလောက်ဖြုတ်ပြီး ကလေးရင်ဘတ်အား တပတ်နဲ့သန့်စင်ပေးလိုက်သည်။
ကလေးပုံစံက ရှက်နေသည်ထင် နားရွက်ဖျားတွေရဲလို့
သန့်ရှင်းပြီးတော့ ရင်ဘတ်နှင့် Niel ကို တေ့ပေးလိုက်တော့ စို့နေသည်မှာ နို့ထွက်နေသည့်အလား...
တကယ်တော့ နို့မထွက်ပါ သိပ်မအိပ်တတ်တဲ့Niel လေးကို သိပ်ရန် ဒီတစ်နည်းသာရှိလို့
စစချင်းသတိရလာတုန်းက ကလေးတွေနို့တောင်းတုန်းကဆိုရင် သူ့ကလေးမှာ ငိုခဲ့ရသေးသည်။
ကလေးတွေကို အာဟာရ မပေးနိုင်လို့ ဖေဖေတောင်းပန်ပါတယ်တဲ့
ကလေးတွေအတွက်နို့ကို ဆေးရုံထဲက မိခင်တွေဆီက အလှူခံရသည်။
တစ်ပတ်ကျော်ရင်တော့ နို့မှုန့်တွေနှင့်ရောဖျော်ကျွေးမှရတော့မည်။
မိခင်ရင်ငွေ့ရအောင်ဆိုပြီး အမေတွေကအကြံပေး၍ ကလေးတွေကို သိပ်ချိန်တိုင်း ထိုသို့သာသိပ်ခဲ့သည်။
အငယ်လေးက နို့သိပ်မမက်ပေမယ့် Niel လေးကတော့မဟုတ်
စကားသာပြောတတ်ရင်အားတိုင်းနို့ဟု ပြောနေမယ်ထင်....
အခုတောင်တစ်ဖက်ကစို့ပြီး တစ်ဖက်ကိုကိုင်ထားလိုက်သေးသည်။
"အိပ်သွားပြီ အဆိုးလေး ဒီဖအေသိပ်တုန်းကမအိပ်ပဲ သူ့ဖအေ နို့စို့ရမှအိပ်တော့တယ် အခုလည်းကြည့်ဉီး ဘယ်သူလုစို့မှာကျကိုင်ထားလိုက်တာ"
"ဉီးနဲ့တူလို့လေ အဲ"
ကလေးမှာ ပြောချင်စိတ်များပြီး ပြောပြီးမှ သူ့စကားသူပြန်ထိန်းလိုက်သည်။
"ဟုတ်လိမ့်မယ်နော် ဉီးနဲ့တူလို့ ကလေးနို့ကို အဲလောက်ကြိုက်နေတာ"
Markစလိုက်တော့ သူ့ကလေးမှာရှက်ရမ်းရမ်းပြီး"ဉီးနော်....ဘာမှန်းမသိဘူး Niel လေးကို လာခေါ်တော့"
"အမှန်ပြောတာကို ကျွတ် ...ကျွတ်"
Niel လေးကို ကလေးပုခတ်ထဲထည့်ပြီးတာနဲ့ ကလေးဖအေဆီပြန်သွားရတယ်
ဟိုက ကုတင်ပေါ်ကနေဆင်းနေပြီ
"လျှောက်နိုင်လို့လား ကလေးရဲ့ ဉီးချီမယ်လေ"
"အိမ်သာတင်ကိုဉီးရဲ့ ဘာမှမဖြစ်ပါဘူး ချုပ်ရိုးကလည်း မနက်ဖြန်ဆို ဖြည်နေပြီကို"
အိမ်သာဝင်ကိုယ်လက်သန့်စင်ပြီးတာနဲ့ Bam Bam မှာ ဉီးကို အိပ်ဖို့ပြောရသည်။
ဉီးလည်း အိပ်ရေးပျက်လွန်း၍ ဇီးကွက်မျက်လုံးဖြစ်နေပြီမလား.....
အမွှာလေးတွေကတော့ မနက်ခင်းထိ သိုးနေအောင်အိပ်နေတော့မည်။
*********
Babyအသစ်လေးတော့ဖန်တီးနေပါတယ် Publishတော့လုပ်ဖြစ်သေးမယ်မထင်ဘူး
YuJinပါ....ကြောင်နှင့်ကြွက်
Ahgasestay💓💓💓
23.2.2020
