*2*uni

628 52 15
                                    

Mark Tuan တစ်​ယောက်​နိုးလာ​တော့ တစ်​ယောက်​ယောက်​ကို.သူဖိမိထားသလိုခံစား​နေရသည်​။

ထို့​နောက်​ခေါင်းလည်း မဟားတရားကိုက်​နေသလို သူ့​အောက်​ပိုင်းတစ်​နေရာကလည်း​အောင့်​နေသလိုခံစား​နေရသည်​။
(ညက ဘာမှ မဘာလိုက်​ရလို့ပါ 🙊🙊🙊)

သူမျက်​လုံးကိုဖွင့်​ပြီး​ဘေးကို ကြည့်​လိုက်​တော့ သူ့အခန်းမဟုတ်​
နာရီကို ကြည့်​လိုက်​တော့ ၁၀နာရီထိုး​နေ​လေပြီ

"အ.....ကျွတ်​ကျွတ်​"

သူအခန်းတွင်းကို ကြည့်​နေတုန်း​စောင်​အောက်​က အသံကြားလို့ကြည့်​လိုက်​တော့​ကောင်​လေးတစ်​ယောက်​အဝတ်​ကမပါ (အတွင်းခံ​လေးက​တော့ ပါပါတယ်​နော်​😕😕)
လက်​ကလည်း ဘာနဲ့ချည်​ခံထား ရမှန်းမသိ
​သေချာကြည့်​လိုက်​တော့မှ သူ့အင်္ကျီဖြစ်​နေသည်​။
ပြီး​တော့ တစ်​ကိုယ်​လုံးကလည်း အနီကွက်​တွေနှင့်​ဖြစ်​နေသည်​။

ထိုအခါမှ ညက သူလုပ်​ခဲ့တာ​တွေက အ​နှေးကွက်​ပြသလိုပြန်​ပေါ်လာသည်​။
​သေချာ​စေရန်​သူ့ကိုသူ​စောင်​ဖယ်​ပြီးကြည့်​လိုက်​တော့ သူ့ခန္ဓာမှာ​ကောင်​လေးလို အတွင်းခံ​လေးပါဖို့​နေ​နေသာသာ မိ​မွေးတိုင်းဖ​မွေးတိုင်းဖြစ်​နေသည်​။

"အား..."

သူရုတ်​တရတ်​အော်​လိုက်​တော့ ထို​ကောင်​လေးကနိုးလာသလို အခန်းထဲသို့ အမျိုးသမီးတစ်​ဦးက ဝင်​လာ​လေသည်​။

"omo ....ဒါ...ဒါကဘယ်​လိုဖြစ်​..."

...........

ည​နေခင်းတစ်​ခု Song အိမ်​တော်​ရဲ့ ဧည့်​ခန်းထဲမှာ လူ ၇​ယောက်​က ဘာစကားမှ မဆိုတိတ်​ဆိတ်​နေသည်​။
တစ်​နည်းအားဖြင့်​Song မိသားစု​ခြောက်​ယောက်​နဲ့ MK group ပိုင်​ရှင်​Mark Tuan

"Da Young အ​ပေါ်တက်​ပြီးစာသွားလုပ်​တော့"
Mrs.Song က​ပြောလိုက်​တော့ ၁၇နှစ်​အရွယ်​ကောင်​မ​လေးက အိမ်​ပေါ်တက်​သွားသည်​။

"​မောင်​ရင်​အခုကိစ္စကို ဘယ်​လိုလုပ်​ပေးမှာလဲ"

Mr.Song က​မေးလာ​ပေမယ့်​သူဘာကို ဘယ်​လိုလုပ်​ရမယ်​မှန်း မသိ​သေး​ပေ

Innocent Boy {Z+U}(complete)Where stories live. Discover now