မြန်မာနိုင်ငံပြန်ရောက်တာနှစ်ပတ်ကျော်ကြာတဲ့အချိန်. . . အိမ်ထဲမှာပဲ မျက်ရိုးတွေကိုက်တက်လာတဲ့အထိ gameဆော့တာကိုရပ်ကာ အပြင်ထွက်ကြည့်ဖို့ ရောင်လွှာဆုံးဖြတ်လိုက်သည်။
လွယ်အိတ်ထဲလိုတာတွေကောက်ထည့်ပြီး တစ်ပတ်ကျော်ကွေးနေခဲ့သည့် အိပ်ခန်းထဲကထွက်လာတဲ့အခါ ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေသည့် အဘွားဖြစ်သူကိုတွေ့ရသည်။
"သြော် မြေးငယ်ပါလား ဘယ်သွားမလို့လဲ"
စကားစကြိုလာပေမယ့် ဘွားဘေးမှာ ရောင်လွှာဝင်မထိုင်ပါ။ ဘောင်းဘီအိတ်ထဲဟန်ပါပါထည့်ထားသည့် လက်နှစ်ဖက်ကို ထုတ်ကာ နံရံပေါ်က ဦးထုပ်တစ်လုံးကိုဆွဲလိုက်သည်။
"ဟိုနားဒီနားလျှောက်ကြည့်မလို့ ဘွား မမရော"
"သံရုံးခဏသွားတယ် သားစာသင်ပေးဖို့ဂိုက်လည်းစုံစမ်းထားတယ်တဲ့"
"ဂိုက်?စုံစမ်းလို့ရပြီတဲ့လား""ပြောတာပဲ သမီးပြောသလောက်တော့ ဂိုက်ဆရာလေးက တော်တော်ပြည့်စုံတဲ့လူကောင်းလေးပါ သမီးကလည်းသူ့ကိုပဲငှားချင်ပုံရတယ် သွားစကားပြောကြည့်ဦးမယ်တဲ့လေ"
ဒီအိမ်ကိုစရောက်ရောက်လာချင်းတုန်းက ဘွားနဲ့တစ်ခါတွေ့ပြီးခဲ့ပြီ။ သာမန်မြေးအဘွားကြားမှာရှိတဲ့ဆက်ဆံရေးမျိုးလောက်တော့ မရင်းနှီးသလို ဘွားက ရောင်လွှာအနေစိမ်းတာသိလို့ထင်. . တွေ့တိုင်း စကားတစ်ခွန်းစ နှစ်ခွန်းစပြောတတ်သည်။ မြန်မာကိုပြန်လာဖြစ်တဲ့ မမမိုးညမြူ ကတော့ ဘွားကို ရောင်လွှာထက်ပိုရင်းနှီးသည်။
ဒါမှမဟုတ် ရောင်လွှာကိုယ်တိုင်ကပဲ လူကြီးတွေနဲ့ဆက်ဆံဖို့ ထောင့်မကျိုးတာဖြစ်နိုင်၏။
"မမဘက်ကငှားချင်ပုံရတယ်ဆိုတော့ သူကဘာလဲ ကျွန်တော့်ကိုမသင်ချင်ဘူးလို့ ငြင်းနေလို့လား"
ဘွားက ရောင်လွှာ့ကိုကြည့်ရင်း ခပ်ဟက်ဟက်ရယ်သည်။
"မဟုတ်ပါဘူး မြေးငယ်ရဲ့ သူတို့နှစ်ယောက်တွေ့တောင်မတွေ့ကြသေးပါဘူး အခြေအနေကတိတိကျကျမဖြစ်သေးတာပါ တွေ့ဖြစ်သွားလို့စကားပြောဖြစ်ကြရင်လည်း မြေးငယ်ကို စာသင်ဖို့လက်ခံမှာ 70%လောက်ရှိပါတယ်"
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode