Chapter - 7

5.4K 550 44
                                    

ကျောင်းကိုစရောက်ကတည်းက မနားတမ်းစစ်ပေးနေသည်မို့ စေညွှန့်ခုံးတွေ တောင့်ခဲလို့နေသည်။ ကလေးတစ်ယောက်လာတိုင်း အပ်နဲ့လက်ထိပ်ကလေးကို ဖောက်ပြီး သွေးစစ်ပြားပေါ်ချပေးတာကို သွေးအမျိုးအစားခွဲပေးဖို့ စေညွှန့်လုပ်ဖြစ်နေသည်။ သွေးဖောက်တာကိုတော့ အနီဝတ်သူနာပြုမလေးက ဦးဆောင်နေ၏။

သူနာပြုမလေးကိုမရဲတရဲမျက်လုံးရွှဲကြီးနဲ့တစ်ချက်လှမ်းကြည့်ပြီး ဆရာမလေးဘေးမှာထိုင်နေတဲ့ စေညွှန့်ကို အားငယ်တဲ့မျက်လုံးလေးနဲ့ လှမ်းကြည့်လာတဲ့ ကလေးမလေးတစ်ယောက်ကို အားပေးပြုံးတစ်ခုပြုံးပြမိသည်။ ရှိန်နေတာကြောင့် ဘာမှမမေး ဘာမှမပြောရဲပေမယ့် သူတို့လေးတွေကြောက်တဲ့လူက ကြောက်နေတာ သိသာသည်။

တုန်တုန်ယင်ယင်ဖြစ်နေတဲ့ ကလေးကို ဆရာမလေးက ချော့ပြီးသွေးကိုဖောက်ယူ၏။ ဆတ်ခနဲတုန်သွားပေမယ့် အသံတစ်ချက်မှမထွက်။ စေညွှန်ထုတ်ပေးလိုက်တဲ့ သွေးစစ်စာရွက်ရတဲ့အချိန်မှာတော့ ဝေ့နေတဲ့ မျက်ရည်စလေးတွေခြောက်သွားပြီး စာရွက်လေးကို မျက်လုံးဝိုင်းနဲ့ငေးနေရင်းကထွက်သွားတော့သည်။

နောက်တစ်ယောက်အတွက် အသင့်ပြင်ထားရင်း နောက်မှာ ကလေးဘယ်နှယောက်ကျန်သေးလဲ လှမ်းစစ်မိ၏။

"စေညွှန် သားပင်ပန်းနေပြီလား"

ဘေးမှာထိုင်နေသည့် သူနာပြုဆရာမကြီးကမေးသည်။ ကျွန်တော်ပြုံးကာ ခေါင်းခါပြမိ၏။

"ကျွန်တော်Toiletခဏသွားချင်လို့"

"သွားလေ ကျွန်မဆက်လုပ်ထားလိုက်မယ်"

ဆရာမကြီးခွင့်ပြုချက်နဲ့ အိမ်သာရှိရာထွက်လာခဲ့သည်။ ကျောင်းဆရာမလေးတွေလမ်းညွှန်ချကိအရ ကျောင်းဆောင်အနောက်ဘက်ထဲဝင်သွားပြီး ဘယ်ဘက်ကိုချိုးလိုက်တော့ သုံးလေးလုံးတွဲထားသော ယောကျာ်းလေးအိမ်သာကိုတွေ့ရသည်။ နံရံမှာ correction panတွေနဲ့ ကလေးတွေလက်ဆော့ထားသည့် စကားလုံးတွေလည်းတွေ့ရသည်။

အိမ်သာထဲကပြန်အထွက် . . . လက်ဆေးဖို့ရှာတော့ နံရံထောင့်မှာကပ်ထားသည့် ဆပ်ပြာခွက်နဲ့ အခံဘေစင်မပါတဲ့ ရေပိုက်ခေါင်းတစ်ခုကိုတွေ့ရသည်။ ဆပ်ပြာခဲက နေရောင်အောက်မှာ အရည်ပျော်လို့ . . .

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeDonde viven las historias. Descúbrelo ahora