"အစ်ကိုကူညီမလို့ကြိုးစားနေတာလေ ကျောင်းပြေးတယ်ဆိုတာကောင်းတာမဟုတ်ဘူးကွာ"
"ဟာဗျာ"
စိတ်ထဲကနေတော့ ပျစ်ပျစ်နှစ်နှစ်ဆဲရေးမိသည်။ အပြင်ကိုများ ထွက်ကျသွားရင် ကြည်လင်နေတဲ့ သူ့မျက်နှာဘယ်လိုဖြစ်သွားမလဲဆိုတာ သိတော့သိချင်မိသား။
"ကောင်းပြီ ကျွန်တော်အထက်တန်းကျောင်းသားမဟုတ်ဘူးဆိုတာ သက်သေပြမယ်"
သူ့ဘက်က ဘာမှမတိုက်တွန်းလာသေးပေမယ့် ရောင်လွှာအရွယ်ရောက်နေပြီဆိုတာကို တခြားလူမဟုတ်တောင် သူ့ကိုတော့ စေ့စေ့စပ်စပ် သိစေချင်သည်။ အနည်းဆုံး အသက်ပြည့်ပြီးပြီဆိုတာကိုတော့ သိဖို့လိုသည် မဟုတ်ပါလား. .။ ဘာကြောင့်လဲဟုတော့ မမေးပါနှင့်. . ရောင်လွှာကိုယ်တိုင်က မေးခွန်းမရှိတဲ့ပုစ္ဆာတစ်ခုပါပဲ. . မေးခွန်းမရှိသည့် ကိစ္စတစ်ခုမှ အဖြေဆိုတာလည်း ဘယ်လိုရှိမှာတဲ့လဲနော်. . .
"ခဏလေး. . .ဘာလုပ်မလို့လဲ"
နံရံဟိုဘက်ကိုပစ်ချတော့မလိုလုပ်နေတဲ့ အိတ်ကို ကျောင်းဝန်းထဲ ပြန်ပစ်ချလိုက်တော့ သူကမေးလာသည်။ သူ့ကြည့်ရတာ ရောင်လွှာ မတော်တဆပြုတ်ကျမှာကို တော်တော်အူယားနေသလိုပဲ. . .
"ဆရာမတွေကိုမေးရမယ်လေ ကျွန်တော်ကဒီကျောင်းကကျောင်းသားဟုတ်လားဆိုတာ"
အင်းမလုပ် အဲမလုပ်. . .ရောင်လွှာ့ကိုသာမျက်မှောင်အသာ ကုတ်ပြီးကြည့်နေသည့် သူ့ပုံစံတည်ငြိမ်လွန်းပါသည်။ အုတ်နံရံပေါ်ကားယားခွထားတဲ့ ခြေထောက်ကို ပြန်သိမ်းပြီး ကျောင်းဝန်းဘက်ခုန်ချမလို့ပြင်လိုက်တဲ့အချိန်မှာတော့ သူ့ဘက်က လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"နေဦး နံရံကမြင့်တယ် ဘယ်လိုတက်သွားလဲမသိပေမယ့် အခုတော့ ခုန်ချလို့မဖြစ်ဘူး လာ. . ."
"လာ"ဆိုတဲ့ ခပ်နွေးနွေးအသံနောက် ဆန့်တန်းပေးလာတဲ့ လက်မောင်းနှစ်ခု. . .အခုသူရပ်နေတဲ့အနေအထားက ထွေးဖက်ပေးဖို့ ရင်ခွင်ကိုဖွင့်ပေးထားသည့် အနေအထား. .
မယုံနိုင်သလို နစ်ခနဲငေးမိတော့ နေရောင်ခြည်တို့ဖြာကျနေတဲ့ အလင်းတန်းတို့အောက် ဘာအတွေးမှမရှိ ရှင်းလင်းနေတဲ့ သူ့မျက်လုံးတို့ကို အဆီးအတားမရှိ အပိတ်အကွယ်မရှိ မြင်လိုက်ရသည်။ ထိုမျက်လုံးတွေဆီကနေ မဝံ့ရဲစွာ အကြည့်လွှဲမိသည်။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode