ပျံသန်းနေခြင်းလည်းမဟုတ်ပေမယ့် အတောင်ပံလှလှတို့ကို သိမ်းယူခြင်းမရှိတဲ့ ဇင်ယော်ငှက်နှစ်လွှာ. . .ရှည်လျားတဲ့ မျက်တောင်တို့နဲ့ဘောင်အနားသတ်သွားတဲ့ ဒီကမ်းစပ်လေးထက် အစကနဦး အနမ်းတို့ ခိုနားလိုက်ကတည်းက သူလဲပြိုကျနေခဲ့ပြီ။
နေ့လည်ကပြောလာတဲ့ "ခင်ဗျားနစ်နာစရာဘာရှိလို့လဲ တစ်ခုခုဖြစ်ရင်ရော ခင်ဗျားက. . ."ဆိုတဲ့စကား. . . မထိတထိ အာရုံထဲပြေးဝင်လာတော့ စေညွှန်အူယားလွန်းရသည်။ ပြောရင်တော့ဖြင့် လေကြီးမိုးကြီး. . .ဒီအခြေအနေနဲ့သိပ်မလိုက်ဖက်စွာ ရမ္မက်မပါတဲ့ ဒီအထိအတွေ့လေးကိုတောင်မှ စိတ်လှုပ်ရှားဖို့ လွယ်လွန်းသူကတဲ့လား. .
"ကိုယ်ဘာမှမလုပ်ရသေး. . ."
"စကားများလိုက်တာ"
မလိုမကျခြင်းမဟုတ်ပါ. . .ရင်းနှီးနေကျ သူ့အိပ်ရာထက် အသာလှဲချပြီး မျက်နှာတစ်ဝိုက် နေရာဆန်းဆန်းလေးတွေကို ဖိကပ်နမ်းရှိုက်နေရုံနဲ့တင် ရောင်လွှာရဲရဲတောက်သွေးရောင်ပြနေမိတာလေ. . .
"အခုအချိန်မှာမှ. . .အ့. .ဘာလို့. .စကားတွေ. . .များ"
လည်ပင်းသားတို့ဆီ အချိန်မဆိုင်းဘဲ ခပ်မြန်မြန်ပြေးဆင်းသွားသူကြောင့် စွပ်စွဲနေသူကိုယ်တိုင်လည်း စကားများမနေနိုင်တော့. . .အင့်ခနဲရှိုက်သံတစ်ချက် . . . အရင်တစ်ခါ ဒီနေရာကို ထိတွေ့တုန်းကလိုပဲ . .မထိန်းချုပ်နိုင်စွာ လွတ်ကျသည်။
ပုံမှန်လူတွေ အသက်ရှူ သံပြင်းပြင်းသာထွက်လာလောက်တဲ့နေရာတောင် ဒီလောက်ထိဆို. . .သူတခြားနေရာတွေကို နယ်မြေတက်သိမ်းသည့်အခါ ရောင်လွှာထိန်းထားနိုင်ပါ့မလား. . .
"ကျွန်. .ကျွန်တော် အပေါ်မှာနေမယ်"
သူ့လက်ထဲမှာ ခံစားလွယ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်ရှက်သည်. . .ပြီးတော့ ခံစားချက်နောက်သာ ခပ်လွယ်လွယ်လိုက်မိတာဆိုပေမယ့် ဘာမှပြင်ဆင်ထားခြငိးမရှိတဲ့ ခန္ဓာကိုယ်အနေအထားကို ဆရာဝန်ပီပီ အသန့်ကြိုက်လွန်းတဲ့ သူ ရွံသွားမှာလည်းစိုးရိမ်နေသည်။
ဒါကြောင့်ပဲ ကြောက်လန့်တကြားအမောတကောပြောမိသည်။ ရောင်လွှာကတော့ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပေမယ့်. . .သူ့ဘက်ကနေဆို မိန်းကလေးတစ်ယောက်လို ဘယ်အချိန်မဆို အသင့်မဖြစ်နိုင်တဲ့ ရောင်လွှာ့ကို သူစိတ်ပျက်သွားမှာလည်း ကြောက်သည်။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode