Chapter - 43

2.7K 286 86
                                    

"ကိုယ့်မွေးနေ့ရှိတယ်။ ဒီနေ့ညကိုယ့်ခြံထဲမှာပဲလုပ်ကြမှာ။ လာခဲ့ပါလား"

ဟုတ်သည်။ ခန့်လင်းထွဋ်ဆီက ပို့လာသည့် စာကဒါလေးပဲဖြစ်ပါ၏။ တကယ်ဆိုဘာအကြောင်းနဲ့မှသွားစရာမလို။ ရောင်လွှာ့အတွက် မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့ မမကတော့သွားမှာသေချာနေပေမယ့် ရောင်လွှာလိုက်မသွားလည်း ဘာမှမဖြစ်။

ဒါပေမယ့် အခုအချိန်မှာတော့ အေးရိပ်ငြိမ်ခြံကြီးထဲမှာ ရောင်လွှာထိုင်နေခဲ့ပြီးသားဖြစ်ပါသည်။ မြက်ခင်းပြင်ကြီးက လျှပ်စီးမီးတွေအောက်မှာ လှချင်တိုင်းလှနေသည်။ ညရဲ့အလှကို မပျက်စေရုံထွန်းထားတဲ့မီးကြောင့် လင်းရှင်းနေတဲ့ ကောင်းကင်ထက်က ကြယ်ရောင်နဲ့လရောင်ကိုလည်းမြင်နေရသည်။ လူတန်းစားပေါင်းစုံ. . .စရိုက်ပေါင်းစုံ. . .မွေးနေ့ပွဲတစ်ခုထက် ပါတီတစ်ခုနှင့်ဆင်သော ဤနေရာ၏ ဟိုဘက်ဝိုင်းက ဆူညံဆူညံအသံတွေကြားထဲမှာ သူရှိနေသည်။

ရောင်လွှာရောက်လာကတည်းက အဲဒီဝိုင်းမှာ သူထိုင်နေတာ။ စကားလည်းတစ်ခွန်းမှလာမပြော. . .တစ်ချက်မှလည်းဂရုမစိုက်။ လူကိုမရှိသလိုပဲ။ ကောင်းတယ် အဲတာပဲ။ ဘယ်ကတည်းက ထွက်သွားချင်နေလို့ တစ်ခါလေးသွားလို့ပြောလိုက်တာကို ငြင်းတောင်မငြင်းဘူး။

စေညွှန်ဆိုတဲ့လူဆိုးကောင်ကြီး။

"ရောင်လွှာက မိုးညကိုလည်းမြင်ရော ဖက်ပြီးငိုတာ ကလေးလေးကျနေတာပဲ ကိုခန့်လင်းထွဋ်ရော သူတို့ဘာဖြစ်နေလဲ ဘာသိထားသေးလဲ"

"ရောင်လွှာ့လို ဘူးအပေါက်တစ်ရာတောင်ဘာမှထွက်မလာတာ လျှာမပါတဲ့ဟိုကောင်က စကားထွက်မတဲ့လား မိုးညရယ်"

"ဒါဆိုဘာမှမသိဘူးလား"

"မသိဘူးလေ"

ခန့်လင်းထွဋ်က ရောင်လွှာ့ကိုတစ်လှည့် စေညွှန့်ကိုတစ်လှည့် စောင်းငဲ့ကြည့်ပြီး သဘောတကျတစ်ချက်ရယ်သည်။ ပြီးတော့ ခပ်တိုးတိုးရေရွတ်၏။

"ရှုပ်ထွေးလိုက်တဲ့r.sတွေ"

မိုးညကတော့သူ့အတွေးနဲ့သူ ငြိမ်သွားတော့၏။

"သက်မှူးထက် မင်းမူးနေရင်လည်း အေးဆေးနေပါကွာ စိတ်ညစ်ရတဲ့အထဲ"

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now