အဲကွန်းတပ်ထားတဲ့အခန်းမဟုတ်ပါဘဲ ရောင်လွှာ့လက်တွေ အနည်းငယ်အေးစက်နေသည်။ ပတ်ဝန်းကျင်အသစ်ကြောင့် မဟုတ်ဘဲ တွေ့ရမည့်လူ၏ အလုပ်အကိုင်က therapist ဖြစ်နေခြင်းကြောင့်. . .ဒီဆယျ့တဈနှစ်အတွင်း ဂျပန်မှာဆရာဝန်တစ်ယောက်တည်းနဲ့တွေ့ခဲ့ရတာတောင် ပျင်းတိပျင်းရွဲခံစားချက်အပါအဝင် အတိတ်ကကြောက်စရာတစ်ခုခုကိုများ မှတ်မိလေမလားဆိုတဲ့စိတ်နဲ့ ကိုယ့်စိတ်ကိုယ်သော့အထပ်ထပ်ပိတ်ပြီး မှတ်ဥာဏ်တွေကို လှောင်ပိတ်ထားခဲ့တာ . . .
အခုက ဆရာဝန်အသစ် . . . ဘာသာစကားအသစ်. . .မှတ်မိသည့်အပိုင်းကို မှတ်မိခဲ့ပြီမို့ အကြောင်းအရာကလည်း အသစ်ဖြစ်နိုင်သည်။ မသိချင်ဘူး. . .မမှတ်မိချင်ဘူး. . .တမင်တကာတောင် မေ့ပစ်ရလောက်အောင် ခက်ခဲလွန်းခဲ့မှာကို. . .ကြောက်တဲ့စိတ်က သူဘေးမှာရှိနေသည်ဆိုသည့်အသိတရားကို အနည်းငယ် ကျားကန်ကန်ချင်နေသည်။
ရောင်လွှာကြောက်နေတာကို သူမသိဘဲမနေပါဘူး. . .သူအခုလို ဖိအားပေးတယ်ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုကြောင့်သာဆိုတာကိုလည်း ရောင်လွှာသိနေပေမယ့်. . .ကြောက်တယ်. . .ဘာလို့မှန်းမသိ. . ကြောက်တယ်
"ကလေး. . .နှုတ်ဆက်လိုက်. .ဒါဆရာသက်ဝေတဲ့"
လူကြီးတွေနဲ့တွေ့ပြီဆိုတာနဲ့ ချိုးမရတဲ့ကတ်ထူစက္ကူ စလေးလို ပြုမူနေကျ ရောင်လွှာ. . .ဒီတစ်ခါ လုံးခြေခံထားရသလို။ ဆရာ့ဆီက ကမန်းကတမ်းအကြည့်လွှဲကာ ဘာမှပြန်မဖြေခြင်းက ခပ်ရိုင်းရိုင်းအပြုအမူဖြစ်သွားနိုင်သည်။
"ဆရာကိုကြောက်စရာမလိုပါဘူး ဂျပန်က သားရဲ့ therapistနဲ့ ဆရာက သိပ်ခင်တဲ့ကျောင်းနေဖက်သူငယ်ချင်းတွေ . . . ဆရာက သားကိုသားတို့အိမ်က လွှတ်ချင်တဲ့ နာဂိုယာတက္ကသိုလ်ကနေပဲ စိတ်ပညာ PHDဘွဲရလာတာ ဆရာ့ကို အခုလိုစိမ်းမနေဘဲ ရင်းရင်းနှီးနှီးနေပါ့လားကွယ်"
". . . ."
လက်သည်းထိပ်လေးတွေကို အချင်းချင်းကုတ်ဖဲ့ရင်း မျက်လွှာချထားသူ. . .သိတာပေါ့. . .စိတ်ရှုပ်ထွေးနေမှာကို. .အရင်တစ်ခေါက်တွေက ဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာ မတွေးတတ်ရလောက်အောင် အခုမြင်နေရတဲ့ ရောင်လွှာက စစ်မရောက်ခင် မြားကုန်နေသလို လိုတာထက်ပို၍ တုန်လှုပ်နေပြီ။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode