"ဒါကဘယ်နေရာလဲ"
စက်ဘီးရပ်လိုက်တဲ့နေရာလေးက ဝါးရုံတစ်ခု၏အခြေမှာမို့ အေးမြမြရှိသည်။ စိမ်းလန်းနေတဲ့သစ်ပင်တို့က ခြံအဝင်ဝ ခပ်သေးသေးကို အုပ်ထားသည့်အတွက် အကွယ်နားက art galleryဆိုတာကိုရောင်လွှာမမြင်သေးတာဖြစ်မည်။
"နေပါဦး. . .ဒီနားရောက်ဖူးသလိုပဲ"
"ရောက်ဖူးမှာပေါ့ ဟိုဘက်ခြံက ခန့်လေးရဲ့ခြံပဲ"
ခြံထဲကို ငေးနေသည့် မျက်အိမ်ငယ်က စေညွှန့်ဆီရောက်လာ၏။ ဆက်ကန်ကနေ သိပ္ပံလမ်းအကျော်ထိ တောက်လျှောက်စက်ဘီးနင်းလာခဲ့သည့်မို့ စေညွှန့်နဖူးမှာ ချွေးစက်တို့ရှိနေသည်။
"ဒါဆိုဒါက ဘာလဲ"
"သူ့ညီရဲ့ပန်းချီခန်း အိမ်သေးသေးလေးဆောက်ပေးထားတာ တစ်ခါတစ်လေ ပန်းချီဆရာတွေက ဒီနေရာကိုငှားပြီး ပန်းချီပြပွဲလုပ်တယ်"
"ပန်း. .ချီ?"
နှုတ်ခမ်းလှုပ်ရုံရေရွတ်ရင်း တွေဝေငေးမောသွားတဲ့
မျက်နှာလေးကို စေညွှန်အလွတ်မခံပါ။ ဆံပင်တို့ကိုသပ်
ရင်း ချော့မြူ တော့ ရောင်လွှာက သူ့လက်ဖဝါးပြင်ကို စေညွှန့်ဖြန့်ကြည့်သည်။"ကျွန်တော်ပန်းချီမဆွဲတော့တာ ၁၀နှစ်. .မဟုတ်ဘူး. .အခုဆို့ ၁၁နှစ်ပြည့်တော့မယ်"
"အခုကပန်းချီဆွဲခိုင်းတာမှမဟုတ်တာ"
စက်ဘီးနင်းထားသည့် လှုပ်ရှားမှုရပ်သွားသည်နှင့် တစ်ကိုယ်လုံးပူစပ်ပူလောင်ဖြစ်လာကာ ချွေးစေးတို့ထွက်လာသည်ကြောင့် မနေနိုင်စွာ အင်္ကျီအပေါ်ဆုံး ကြယ်သီးတစ်လုံးကိုဖြုတ်လိုက်ရတော့သည်။
"ပြစရာရှိလို့"
အမှန်တကယ်ကို ဘာကိုမှရည်ညွှန်းခြင်းမဟုတ်ပါ။ သို့ပေမယ့် ရောင်လွှာ့အတွေးနက်နှုန်းက black holeလိုမျိုး ရှိသမျှ အရာဆွဲယူသည်ဆိုတော့ကာ ပြစရာရှိလို့ဟူသောစကားနှင့် အင်္ကျီကြယ်သီးဖြုတ်လိုက်တာက ဘယ်လိုညီမျှခြင်းကျသွားမှန်းမသိ။ ဟသွားတဲ့ အင်္ကျီစအောက်က အရေပြားဆီ အကြည့်နင့်နင့်လေးတစ်ချက်ရောက်လာပြီး ဘယ်ဘက်ပါးပြင်က လူယုတ်မာပုံလေးဖြင့် ချိုင့်ခွက်သွား၏။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode