Chapter - 17

4K 472 34
                                    

သူနေရာချပေးလာသည့် သစ်သားခုံနှင့်သစ်သားစားပွဲက
ခြံလေးရဲ့မျက်စောင်းထိုးမကျတကျ သစ်ပင်ရိပ်အောက်တွင်ရှိသည်။ ရောင်လွှာ့ခေါင်းပေါ်က သစ်ပင်ရဲ့ဘေးမှာတော့ ဘုတ်ပြားတစ်ခုနဲ့ စိန်ပန်းဟုမြန်မာလိုရေးထားပြီး ထိုဘေးတွင် ဝိုက်ကွင်းဖြင့် ( sein pan )ဟူသည့်အသံထွက်ကိုပါထည့်ပေးထားသည်။ ထိုအောက်တွင် Common name - Royal poinciania ဆိုတာနှင့် Scientific name - Delonix regiaဆိုတာပါ ဖြည့်စွက်ထားသေး၏။

ရောင်လွှာနာမည်တွေကို အသံထွက်ကြည့်ဖို့ကြိုးစားရာက ခေါင်းတစ်ချက်ယမ်းမိသည်။ မျက်စိတစ်ဆုံးမြင်နေရတဲ့ခြံထဲကorganicသီးပင်စားပင်များကို မျက်လုံးတစ်ချက်
ဝေ့ကြည့်ရင်း မြေသားရောင် အိမ် တစ်လုံးကိုပါတွေ့နေ ရ၏။ မြင်မြင်သမျှသည် သဘာဝအရောင်. . .သစ်ပင်စိမ်း ရောင်. . .ကမ္ဘာမြေကြီးကအန်ထုတ်ထားတဲ့အရောင်တို့သာဖြစ်နေခြင်းက အနည်းငယ်တော့ ထူးဆန်းနေသလိုပါ။

"အဲတာမြေကြီးအိမ်လို့ခေါ်တယ်"

ရောင်လွှာစူးစိုက်ကြည့်နေမိသည့်နေရာကို သတိထားမိသွားခြင်းဖြစ်မည်ထင်သည်။ အိမ်ထဲကနွားနို့တစ်ခွက်ကိုင်ကာထွက်လာသည့် သူက ရောင်လွှာ့ဘေးက ကျွန်းကိုပေါ်လစ်သုတ်ထားသည့် သစ်သားတုံးပေါ်ဝင်ထိုင်ပြီး ရောင်လွှာ့ဆီနွားနို့ခွက် ထိုးပေးလာသည်။

ဘာကြောင့် ကလေးတိုက်သလို နွားနို့မှတိုက်ရတာလဲလို့ တွေးမနေတော့တာပဲ အကုသိုလ်နည်းမည်။

"ဘာအိမ်?"

"မြေကြီးအိမ်"

"အဲတာကြီးနဲ့နေတဲ့လူရှိလို့လား"

သူက ရောင်လွှာ့မျက်နှာကို နားမလည်နိုင်သလို တစ်ချက်လှည့်ကြည့်လာသည်။ အကြည့်တွေကိုမကြိုက်လိုက်တာ. . . ဘာမှနားမလည်တဲ့ ငချွတ်လေးကိုကြည့်တဲ့ အကြည့်မျိုး။

"မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကလွဲပြီး အလုံးတစ်ရာလောက်ဆောက်ပြီး နေနေကြပြီ မြန်မာတွေမကဘူး တစ်ကမ္ဘာလုံးပဲ ရာသီဥတုဒဏ်ခံနိုင်တယ်၊ လေကောင်းလေသန့်ရတယ်၊ အထူအနည်းဆုံးဆယ်လက်မလောက်ရှိလို့ အပူမဝင်ဘူး နွေဆိုအေးတယ် ဆောင်းဆိုနွေးတယ် ကမ္ဘာမြေကြီးရဲ့လက်ဆောင်မို့လို့ကောင်းကျိုးတွေအများကြီးပဲလေ"

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now