Chapter - 28

4.1K 437 29
                                    

ကြားနေကျ အသံ . . .ဝေဟင်ထဲကနေ မနက်တိုင်းလိုလို လွင့်ပျံလာပြီး အိပ်ရာကနေ မနိုးနိုးအောင် လှုံ့ဆော်လာတတ်တဲ့ အချက်ပေးကိရိယာလေးလို. . .

ဆပ်ပြာနံ့နဲ့ ပရုပ်လုံးနံ့သင်းနေသည်ဆိုကတည်းက ရောင်လွှာညက အိပ်ပျော်သွားသည့် barမဟုတ်တာ သေချာနေသည်။ အိပ်လို့ကောင်းသည်။ ဒီအသံရပ်သွားတာနဲ့ မရရအောင်ပြန်အိပ်မည်။ တင်းထားသည့်အား၏ ပီတိဖြင့် သိမ့်ခနဲ ပျော်မြူးသွားပြီး လွတ်နေသည့်စောင်ကိုခေါင်းအထိဆွဲခြုံကာ သူရိန်နေမင်း၏ အနှောက်အယှက်ပေးမှုကို ခံစစ်ကောင်းကောင်းနဲ့ တွန်းလှန်ပစ်လိုက်၏။ ဒီနွေးထွေးမှုကိုသဘောကျလွန်းတာကြောင့် အလင်းပြန်မှိတ်သွားတဲ့ စောင်ခြုံအောက်ကနေ ခပ်ယဲ့ယဲ့ပြုံးမိသေးသည်။ မသိရင်အလုပ်ကောင်းတစ်ခုကို အောင်အောင်မြင်မြင် အလံစိုက်နိုင်တဲ့လူတစ်ယောက်လို အပြုံးမျိုး။

ကြားနေရသည့်အသံရပ်သွားသည်။ နားမစွင့်ပါဘဲ နားထောင်မိသွားသည့် လှုပ်ရှားမှုသည် လေထုဆီကနေ လှိုင်းအလျား၏ ငြင်သာစွာလှုပ်ခတ်မှုမျိုးနဲ့ ရောင်လွှာ့စောင်ကို ဆွဲလှန်ချင်၏။ လေးလံနေတဲ့မျက်ခွံတွေရဲ့ အိပ်ချင်စိတ်ရယ်. . .နွေးထွေးသက်ဝင်သည့် စပ်စုလိုခြင်းရယ်. . .အပြန်အလှန်စီးချင်းထိုးနေတာ. . .

ဒါဘယ်နေရာလဲ. ..

ညကသေချာပေါက် pioneer clubမှာ ရောင်လွှာမူးပြီး အိပ်ပျော်သွားတာသေချာသည်။ မသိဘူးကွာ. . .အိပ်ချင်သေးတယ်. . .ဖွင့်မရတဲ့မျက်လွှာတွေကို ကြိုးစားဖွင့်ဖို့ကတော့ မနက်ခင်း နတ်သဘင်အစည်းအဝေးသွားတက်တဲ့ အိပ်ဖန်စောင့်နတ်တွေတောင် တတ်နိုင်သည်မဟုတ်။

မေ့ခနဲပြန်အိပ်ပျော်သည့်ခဏအတွင်း ဝင်သက်ထွက်သက်တစ်ခု၏ နွေးထွေးခြင်းရိပ်မြုံဆီခဏခိုလှုံမိသည်ထင်သည်။ စောင်အုပ်ထားမိတဲ့ ဦးခေါင်းအပေါ်ပိုင်းမှာ လွတ်နေသည့် အနက်ရောင် ကမ္ဗလာခင်းထက် ခဏတာ ခိုဝင်လာတဲ့ အသက်ရှူ သံငွေ့ငွေ့သည် ဘုမသိဘမသိအနမ်းခံရတော့မည့် လူတစ်ယောက်၏ မိန်းမေ့ခြင်းနှင့်ဆင်၏။

တကယ်တော့ ထိုမိန်းမူးခြင်းက စောင်အောက်ထဲဝင်နေသည့် နဖူးပြင်ဆီ စမ်းသပ်လာတဲ့ လက်ဖဝါးပြင်နွေးနွေးအောက်မှာတင် လုံလုံလောက်လောက် အရည်ပျော်ကျသည်။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now