Special ep

3.5K 291 127
                                    

" ငါသူ့ကို ဆေးခတ်သင့်လား အရက်တိုက်သင့်လား"

ရန်နိုင်က ပဲနို့ပုလင်းကိုစုပ်သောက်နေရင်းက ပြူးကြောင်ကြောင်မော့ကြည့်လာသည်။

" ဆေးခတ်တယ်ဆိုတာဘာလဲ"

" ဟုတ်တယ်မလား ဆေးခတ်သင့်တယ်"

ခန့်လင်းထွဋ်တို့ခြံထဲက စားပွဲဝိုင်းမှာထိုင်ပြီး ပြုံးရွှင်ရယ်မောလျက်စကားပြောနေသူက အိမ်က စေညွှန်မဟုတ်တော့သလိုပဲ။ ပြဿနာက ဘယ်က စတာလဲမသိပေမယ့် ဂျပန်ကနေ သန်လျင်အိမ်ပြန်ရောက်ရောက်ချင်း. . .

" ကိုကို အကြွေးယူလို့ရပြီ"

လို့ပြောလိုက်ကတည်းက ရောင်လွှာ့ကိုရှောင်နေတာ။ ဟိုမှာနေလာတဲ့ နှစ်ပတ်လုံးလည်း ရောင်လွှာ့ကို လက်ဖျားနဲ့တောင်မထိခဲ့ဘူး။ ဘယ်လိုတောင်နေနိုင်ရတာလဲ။

" အရက်ကတော့မဖြစ်ဘူး အဲတာတော့ ငါမခံနိုင်ဘူး"

13နှစ်ထဲဝင်နေပြီဖြစ်တဲ့ရန်နိုင် ဒီကိစ္စတွေ နားလည်နေပြီလား ရောင်လွှာမသိ။ စိတ်လည်းမဝင်စား။ ရောင်လွှာစိတ်ဝင်စားတာက စေညွှန့်ကိုဘယ်လိုဆွဲဆောင်သင့်လဲဆိုတာသာဖြစ်သည်။

" ကိုကို"

ခပ်ဝေးဝေးမှာရပ်နေရာက အသံပေးပြီး ထိုင်နေသူနှစ်ယောက်ဆီ လျှောက်သွားလိုက်၏။ ရန်နိုင်ကပါမလာ။ ပဲနို့ပုလင်းကိုသာ စုပ်ရင်းကျန်ခဲ့သည်။ စေညွှန့်ဘေးခုံမှာ လှစ်ခနဲဝင်ထိုင်ပြီး စေညွန့်ဘက်ကို မျက်နှာလှည့်လိုက်၏။

" ပြောစရာရှိတယ်"

လှည့်ကြည့်လာပါသည်။

" ဘာလဲ"

" တိုးတိုးလေးပြောပြမယ်"

အနားကိုတဖြည်းဖြည်းကပ်သွားတော့ အသာငဲ့စောင်းပေးလာသည်။ အနီးကပ်မြင်နေရတာက မကြာသေးမီက ရိတ်ထားတဲ့ဆံပင်ကြောင့် စိမ်းဖန့်ဖန့်ဖြစ်နေတဲ့ နားထင်ဖျားတွေ. . .ပြီးတော့ အတင်းချုပ်ပြီး တစ်ပြွတ်ပြွတ်နမ်းပစ်ချင်စရာ ပါးပြင်။

မသိကြလို့... ကိုကို့ပါးက တအားနမ်းလို့ကောင်းတာ။

"ပြောလေ"

ဘာအသံမှမပေးဘဲ ငေးကြည့်နေတဲ့ရောင်လွှာ့ကို နားမလည်သလိုပြန်လှည့်အကြည့်မှာ. . .ရှေ့ကိုဖျတ်ခနဲတိုးသွားပြီး ပန်းရောင်ပြေပြေနှုတ်ခမ်းတစ်စုံကို ဆွဲမွပစ်လိုက်သည်။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now