Chapter - 30

4.3K 402 43
                                    

"ကျွန်တော်. . .ကို. .အဲ. . .Senseiအိမ်သွားနေမယ် ဘွား"

ခေါင်းစီးပိုင်းကိုသာ တိုက်ရိုက်ဖြည်ချပြလိုက်သည်။ ရောင်လွှာတော့လုပ်ပြီဆိုတဲ့မျက်နှာပေးနဲ့ဘွားက မျက်လုံးလှန်ကြည့်၏။

"သူများကိုသွားပြီးဒုက္ခမပေးပါနဲ့လား မြေးငယ်ရယ် ညကလည်းတစ်ညလုံးပြန်မလာဘူး"

သူ့အိမ်ရောက်နေတာကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါဟု မှာထားပေမယ့် ရောင်လွှာကတော့မပြောချင်ပါ။ သူကစိတ်ရှင်းလွန်းအားကြီးပေမယ့် ရောင်လွှာကတော့ ဘားမှာ အရက်မူးပြီးမှောက်သွားသည့် ကိစ္စကို လူကြီးမိဘတွေထံ အစီရင်ခံစရာမလိုဟုထင်သည်။

"Senseiကလာတဲ့ ရတယ်တဲ့ သင်္ကြန်ရက်ပါပဲ ကျွန်တော်ဒီမှာပျင်းတယ်ဗျာ သူနဲ့ဆိုမှ ဆေးရုံတွေဘာတွေလိုက်သွားပြီး. . ."

ပြောနေတာနဲ့လုပ်တာနဲ့တခြား. . .စိတ်ထဲမှာခွီးခနဲရယ်ချပစ်လိုက်သည်။ အဓိကကတော့ တစ်ညလောက် သူ့ရင်ခွင်ထဲ တိုးပြီးအိပ်ချင်သေးသည်။

"သွားရင်လည်းသွား ဘာမှမကြားရရင်တော်ပြီ မင်းအစ်မကလည်း မှာထားတယ် သူ့ဆရာနဲ့ သူလုပ်ချင်တာလေးရှိရင် ကူပေးလိုက်ပါတဲ့ နားကိုမလည်နိုင်ဘူး ဒီမောင်နှမတွေ"

"တစ်နေ့ကျရင်တော့ နားလည်မှာပါ"

"ဟင်. . .အဲတာဘာပြောတာလဲ"

"ဘာမှမဟုတ်ဘူး ဘွား သွားပြီ"

ဘုရင်မဆီအမြန်သတင်းပို့ပြီးတာနဲ့ တပ်ခေါက်ပြေးရတော့သည်။ အခန်းထဲမြန်မြန်ဝင်ပြီးလိုတဲ့ပစ္စည်းတွေကောက်ထည့်မည်ပြင်တော့ ထည့်စရာက ဘာမှမရှိ။ တကယ်တမ်းတော့ သူ့အိမ်နဲ့မှ ပိုအသားကျနေပြီး သူ့အိမ်မှာပဲ ပစ္စည်းတွေအကုန်ရောက်နေတဲ့ အခြေအနေကြီးကို။

ရောင်လွှာ့လက်ကောက်ဘူးထဲမှာရှိနေတဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က သူ့လက်ရေးကိုပြလိုက်ရင် သူပျော်သွားလေမလား . . . အခန်းထဲကထွက်မလို့ပြင်သည့် ရောင်လွှာ့ခြေလှမ်းတို့ တုံ့ခနဲရပ်သွားသည်။ ကုတင်ရှိရာပြန်လျှောက်သွားသည့်အခိုက် အမောတကောပြေးလာတဲ့ မိုးရဲ့ခြေသံ. . .ခြောက်သွေ့ကြွပ်ဆတ်နေတဲ့ သွပ်မိုးပေါ် အရှ်န်ပြင်းပြင်းနင်းခတ်ရင်း မြေသားပွပွတို့ကို အငွေ့ပျံစေပေမယ့် ထိုအငွေ့တို့က ကောင်းကင်ဆီ ဆန်မတက်နိုင်. . .ပိုင်ရာဆိုင်ရာ မြေကြီးပေါ်ပြန်လည်လွင့်ကျရင်းကပဲ မြေသင်းနံ့ဟူသည့် ရနံ့မွှေးမွှေးကို ထုတ်လွှတ်လာသည်။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeDonde viven las historias. Descúbrelo ahora