Chapter - 5

6K 612 106
                                    

ပရဟိတအဖွဲ့က ဦးဆောင်သည့် စာသင်ကျောင်းတွေမှာ ငါးတန်းကလေးတွေ အခမဲ့သွေးစစ်ပေးဖို့အတွက် စေညွှန်က တာဝန်ခံဆရာဝန်နေရာကို ရထားခဲ့သည်။ အထက်တန်းကျောင်းတစ်ခုမှာ သွေးစစ်ပေးဖို့အတွက် ကျောင်းအနေအထားနဲ့သွေးစစ်ဖို့နေရာအဆင်ပြေမပြေသွားကြည့်ပြီး ပြန်အလာ. .

"မိုးရွာမှာလားမသိဘူး"

စိတ်ထဲကရေရွတ်ရင်း အိမ်ပြန်ဖို့ ကားမှတ်တိုင်အောက်ဝင်သွားလိုက်သည့်အချိန် . . ထိုအချိန်ကတည်းက ထိုကောင်လေးကို စေညွှန်သတိထားမိပါသည်။

ိုဘတ်စ်ကားနံပတ်တွေရေးထောင်ထားတဲ့ boradကြီးကို လေးတွဲတွဲပစ်မှီပြီး ဖြတ်သွားသမျှလူတွေကို ငေးငိုင်ကြည့်နေတာ . . . သက်ပြင်းတောင် ချလိုက်သေး. .

ဘယ်ကယုန်ပေါက်လေး တိရစ္ဆာန်ရုံထဲက လွတ်လာတာပါလိမ့်. . . အတွေးကဝင်သည်။

နက်တာထက် မှောင်တဲ့ဘက်ရောက်နေတဲ့ ဆံသားတို့ အောက်မှာ မျက်ဆန်အိမ်နက်နက်ကလေးတွေက ဂေါ်လီလုံးလေးထည့်ထားသလို နက်နက်ပြူးပြူးဝိုင်းဝိုင်းလေး . . . ဖြူ ဥနေတဲ့ ပါးပြင်က နေရောင်ဒဏ်ကြောင့်လားမသိ ပါးနီခြယ်ထားသလို ရဲနေသည်။ နားရွက်ကလေး မသိမသာကားနေတဲ့ ကောင်လေးက ယောကျာ်းလို့ မထင်ရအောင် စိုရဲတွတ်နေတဲ့ နှုတ်ခမ်းတစ်စုံကို လက်ဝယ်ရရှိထားသေး၏။

သေချာသည် . . . ဒီလောက်နုဖတ်နေရင် Mama boy
ဖြစ်ရင်ဖြစ် မဖြစ်ရင် သူဋ္ဌေးသား. . .နှစ်ခုထဲကတစ်ခုပဲ

ြွပီးတော့ အထက်တန်းကျောင်းသားအရွယ်လေး. . .ဒီနေ့ကကြာသပတေးနေ့. . .အစိုးရကျောင်းဖြစ်ဖြစ် ပုဂ္ဂလိကကျောင်းဖြစ်ဖြစ်. . .သူတို့လေးတွေသေချာပေါက်ကျောင်းတက်ရမှာ . . .ကျောင်းပြေးလာတာများလား. . .

မသိဘူး စေညွှန်ကတော့ ကျောင်းတက်မှန်ခဲ့သူမို့ ကျောင်းပြေးလေးတွေကို တစ်စက်မှနားမလည်ပေးချင်. . .

အကြည့်ခပ်မြန်မြန်လွှဲပြီး စီးရမယ့် ဘတ်စ်ကားအလာကိုသာ စောင့်ရသည်။ ကားလာတဲ့အချိန်မှာတော့ ထိုကလေးကို ခဏလောက် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာအမှန် . . . သို့ပေမယ့် တက်ခါနီးကားပေါ် စေညွှန့်ရှေ့ကကျော်တက်သွားတဲ့ ထိုကောင်လေး. . သူကသူ့အရွယ်လေးနဲ့ဘယ်များသွားပြီး ဘယ်ကိုပြန်မှာပါလိမ့်. . .
သန်လျင်ကားပေါ်ကိုဆိုတော့ သန်လျင်မှာနေတာလား. .
ကြားကမှတ်တိုင်တစ်ခုခုမှာနေတာလား. . .

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now