Special ep (b)

6.2K 309 45
                                    

" ဦးသက်ဝေကဘာ​ပြောလဲ"

ရောင်လွှာက အခုထိအဖေလို့မခေါ်နိုင်သေး။ တွေ့လိုက်တိုင်းလည်း စိတ်ကောက်မပြေသေးတဲ့ ကလေးလို ရန်ထောင်နေတုန်း။

" ယုန်လေးကိုယ့်ကိုအရမ်းချစ်တဲ့အကြောင်း"

Cola ပုလင်းကိုတစ်ပြွတ်ပြတ်စုပ်​နေရာက Gasအရည်တွေ လည်ချောင်းထဲ ကန့်လန့်ဆင်းသွားသည်ထင်သည်။ တစ်ဟွတ်ဟွတ်ချောင်းထဆိုးရင်း စေညွှန့်လက်မောင်းကို လက်သီးနဲ့သုံးလေးချက်ထိုး၏။

" တကယ်ပြောတာ မယုံဘူးလား"

" ယုန်လိုက်မယ် တောထဲမှာ ဟွတ် ဟွတ်"

ထော်လော်ကန့်လန့်ရန်တွေ့ရင်း ချောင်းကလည်းဆိုးရသေးတာ။

" ဒီမှာရှိနေတာကို ဘာလို့တောထဲသွားစရာလိုလဲ"

" တော်တော့ အဟွတ် မပြောနဲ့တော့"

ချောင်းဆိုးနေတာမရပ်တော့မှာစိုး၍ ရယ်သံသဲ့သဲ့နဲ့ ကျောပြင်ကိုသပ်ချပေးဖြစ်သည်။ သွေးရောင်လွှမ်းလာတဲ့မျက်နှာနုနုက ချောင်းဆိုးရတာကြောင့်လည်းဖြစ်နိုင်သလို တခြားအကြောင်းကြောင့်လည်းဖြစ်နိုင်၏။

" လူကိုရင်ခုန်ပြီးသေအောင်လုပ်ဖို့ပဲတတ်တယ်"

ကြည့်. . .ဝန်ခံနေတုန်းမှာတောင် ရန်ထောင်နေတယ်။

" ရရဲ့လား"

လက်ကျန်ချောင်းလေးကိုဆိုးထုတ်ပြီး မျက်စောင်းနက်နက်တစ်ခုကရောက်လာ၏။ ကျောကိုသပ်ပေးနေတဲ့ စေညွှန့်လက်ကို ဖယ်ခိုင်းရမည့်အစား ပခုံးပေါ်ခေါင်းအသာတင်လာသည်။ အခုနောက်ပိုင်း ရောင်လွှာပိုချွဲလာသလိုပဲ။

" လက်ဆောင်ရှိတယ်"

" ပြပါဦး"

ပေါင်ပေါ်တင်ထားတဲ့ ပုံဆွဲစာအုပ်ကို ထိုးပေးလာသည်။ လေနုအေးလေးဖြတ်အတိုးမှာ ပခုံးပေါ်မှီတင်ထားတဲ့ခေါင်းလေးက​ပြန်မတ်သွားပြီး ဝင်လုဆဲဆဲနေရောင်ကို တစ်ချက်လှမ်းကြည့်သည်။

စက်ကန်ဘောင်ပေါ်မှာနှစ်ယောက်အတူတူရှိနေတဲ့ ဒီတစ်ချိန်ကတော့ နေဝင်ချိန်ဖြစ်ပါသည်။

" ကျေးဇူးပဲ"

" ကျေးဇူးတင်ရင် အာဘွားပေး"

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now