"အခုထိဒီနေရာမှာရှိနေတုန်းကိုး"
ခြေစုံရပ်ပြီး ရေရွတ်လိုက်တာနဲ့ ရန်နိုင်ဟူသည့်ပေါက်စ၏ မျက်လုံးအသေလေးတစ်စုံမော့ကြည့်လာသည်။ သတင်းစာကိုပေါင်ပေါ်မှာ လွှမ်းထားသည့် ခန္ဓာကိုယ်လိန်လိန်ပိန်ပိန်လေးက အခုထိလည်း ဒီအတိုင်း။
"မင်းကဘာလာလုပ်တာလဲ"
"ငါလည်းနေစရာနေရာမရှိတော့လို့"
မယုံမကြည် စူပုတ်ပြီးကြည့်နေရှာသည့် မျက်လုံးကို ဥပေက္ခာပြု ပြီး ဘေးမှာဝင်ထိုင်မလို့ပြင်တော့ အရင်တစ်ခါကလို ဖယ်မပေးဘဲ တွန့်ဆုတ်ဆုတ်လုပ်နေ၏။
"မင်းကိုပါရှာမကျွေးနိုင်ဘူး ငါက ငါ့ညီမလေးရှိတယ်"
ရယ်ချင်သွားသည်။ ရှေ့က ခွက်သဘောနဲ့ချထားတဲ့ ဦးထုပ်အစုတ်လေးထဲ ထောင်တန်အနည်းငယ်လောက်ပစ်ထည့်ပေးလိုက်မှ ငြိမ်ကျသွားသည်။ ဒါကိုအခွင့်ကောင်းယူပြီး သူ့ဘေးမှာ မဆန့်အပြဲဝင်ထိုင်လိုက်၏။
"ငါဒီနေ့သူ့ကိုခံအော်ခဲ့တယ်"
တစ်ယောက်တည်းစကားပြောနေသလိုဆိုပေမယ့် ဘေးမှာ ငြိမ်ပြီးနားထောင်ပေးမည့်သူကို ပိုက်ဆံနဲ့ပေးဝယ်ထားသည်မို့. ..
"ငါ့အပေါ်ဘာအပြစ်မှမလုပ်ထားတဲ့လူကို မဟုတ်တာတွေပြောမိတာ မှားတယ်လို့မင်းထင်လား"
မျက်နှာပေါ်ထိုးကျနေသည့်နေရောင်ကို အပြစ်တင်မာန်ဖွဲ့ရင်း လက်နဲ့အုပ်ကာလိုက်သည်။ အနောက်ကိုနည်းနည်းရွှေ့ဆုတ်လိုက်ရင်တော့ နေရောင်နဲ့လွတ်သွားလောက်၏။ ဒါပေမယ့် ဘေးကထိုင်နားထောင်နေသူနဲ့ လှမ်းသွားမှာ။ ရောင်လွှာ တစ်ယောက်တည်းဆိုတဲ့ခံစားချက်ကိုမကြိုက်ဘူး။
"သူစိတ်မကောင်းဖြစ်သွားလောက်တယ်"
နာကျင်သည်။ အတိုင်းအဆမရှိ နာကျင်နေသည်။ ဒီလိုရက်တွေ နီးလာလေလေ . . . နာကျင်ခြင်းသည်တိုးလေလေ. . .
2လပိုင်း 27ရက်နေ့. . .
နေ့စံညခံနေရတဲ့ အသူရကယ်တွေလို ရောင်လွှာ့တစ်နှစ်တာမှာ ဝဋ်ဆင်းရဲအကြီးဆုံး 2လပိုင်း. . .ကျန်တဲ့လတွေကို ဘယ်လိုပဲကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ခဲ့သည်ဖြစ်စေ. . .ဒီလိုလ. .ဒီလိုအချိန်. .ဒီလိုရာသီ. . .မြန်မာနိုင်ငံနဲ့မသက်ဆိုင်စွာ အပူအချိန် 6°Cလောက်ထို ထိုးကျနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့ဖေဖော်ဝါရီလမှာတောင်. . .ဒီအချိန်ရောက်ပြီဆို ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလွန်းသည်။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode