"အဆက်အသွယ်ရတယ်"ဟူသော ခန့်လေး၏စကားနောက်မှာ "ငါခေါ်လာခဲ့မယ် မင်းအိမ်ကစောင့်နေ"ဆိုတာတစ်ခွန်းကလွဲရင် ဘာမှ ဇောတကတက်ခွင့်မရ။ "ငါလာခဲ့မယ်"ပြောတော့ "ရွံစရာကောင်းအောင်လာroနေတယ်"ဟူသော ခပ်ရွဲ့ရွဲ့ချောင်းဆိုးသံအတုတစ်ခုက အဆက်မပြတ်ထွက်လာသေးသည်။
ဒါမျိုးခံစားချက်ဆိုတာ ဘေးလူတွေ အထူးသဖြင့် ခန့်လေးလိုနှစ်တစ်ထောင်လူပျို ကြီး အမျိုးအစားတွေ ဘယ်တုန်းက နားလည်ခဲ့လို့တုန်း။
"သူဘာမှမဖြစ်ဘူး စောင့်သာစောင့်နေပါ ခွေးလေးရယ် ငါကမင်းဟာလေးကို မဟုတ်တဲ့နေရာခေါ်သွားပြီး မုဒိန်းတက်ကျင့်မှာစိုးလို့လား"
"တောက်!ခန့်လင်းထွဋ်!မင်း!!"
"ငါ့ကိုတောက်ခေါက်တယ်ပေါ့လေ ကျစ်!
တကယ်တက်လုပ်ချင်စိတ်ပေါက်လာပြီ""ခန့်လေး!!"
"မလုပ်စေချင်ရင် ဖင်မှာသံမှိုလေးတွဲပြီးငြိမ်ငြိမ်လေးထိုင်နေလိုက် တော်ကြာစိတ်ပူလို့သေပြီး နတ်စိမ်းဖြစ်သွားမှာစိုးလို့"
ဘယ်လိုမှမနိုင်တာသေချာနေသည်။ ဒါကြောင့်ပဲ ဒီနေရာမှာ စောင့်နေရသည်။ လေတိုးသံကလွဲရင် တိတ်ဆိတ်နေတဲ့ ဒီနေရာမှာ. . .။ အိမ်ထဲမှာထိုင်နေဖို့ရာ ဘယ်လိုမှမဖြစ်နိုင်တော့မှန်းသိသည်ကြောင့် ထရပ်ကာ ခြံထဲဆင်းလာခဲ့သည်။ နာရီကိုစက္ကန့်မလပ်စောင့်ကြည့်နေမိတာကြောင့်ခဏနေမိုးချုပ်တော့မည်ဆိုတာကို သိနေသည်။
မျက်ရည်ဝိုင်းနေသည့် မျက်လုံးအိမ်တစ်ခုကိုပြန်မြငိယောင်မိတိုင်း သွေးလေခြောက်ခြားမိတာ ဆယ်ကျော်သက်အရွယ် လူပျိုလေးလိုပဲ။
ခြံရှေ့လမ်းမထက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် ခြေလှမ်းတို့တိုးလာသည့်အခါ ပူလောင်မှုသည်ပိုလာ၏။ အေးစက်စပြုလာသည့်လက်ချောင်းအချင်းချင်းကလွဲရင် အားပေးဆုပ်ကိုင်စရာမရှိ။
ထိုခဏ. . .ဘေးကိုခပ်မြန်မြန်ရောက်လာပြီး ရပ်တန့်သွားသည့် ကားစက်သံနဲ့အတူ. . .အောင့်ထားမိသည့်အသက်ရှူ သံသည် မှောင်ရီပျိုးနေသည့် ညနေခင်းထဲ ခုန်ထွက်သည်။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode