Chapter - 16

4.2K 478 20
                                    

ရင်တစ်ခုလုံးထဲ အနုမြူ ဗုံးတစ်လုံးကွဲထွက်နေသလို။ ရင်တစ်ခုလုံးစုတ်ပြတ်သတ်နေရုံမက တစ်စိမ့်စိမ့်ထွက်နေတဲ့ဓာတ်ငွေ့တွေက လူကိုအသက်ရှူ ပါကြပ်စေသည်။

မုန်းသည်။

အတိတ်အကြောင်းတွေးမိတိုင်း အကြောင်းပြချက်မရှိ မျက်ရည်ကျလာတတ်သည့် မိမိနှလုံးသားကို မုန်းသည်။ သူများအမေတွေ ကလေးတွေကို ကြင်နာပြနေတာကို မြင်ရတိုင်း မှိုင်းတက်သွားတတ်သည့် မိမိစိတ်ကို မုန်းသည်။ အဓိကက ထိုလူ. . .

သူနဲ့ပက်သက်ရင်ဆတ်ဆတ်ထိမခံဖြစ်မိလွန်းသည့် မိမိစိတ်ကို မိမိမုန်းသည်။ မုန်းပါ၏။ မြန်မာနိုင်ငံပြန်ရောက်လာကတည်းက နေ့စဉ်နေ့တိုင်းရေခဲပြင်အလွှာပါးပါးပေါ် နင်းဖြတ်နေရသလို . . . သဲကန္တာရထဲ အိုအေစစ်တစ်ခုကို အသည်းအသန်ရှာနေမိသလို. . .

ဘာကြောင့် ဒီလိုခံစားနေမိမှန်းမသိ. .။ အထူးသဖြင့် သူ့ဘက်က သာမန်ပြောရိုးပြောစဉ် စကားမျိုးကိုပြောလာရင်တောင် ခံစားလွယ်နေတတ်တာမျိုး. . .သူ့လက်နဲ့ကိုယ့်လက် မတော်တဆထိမိသွားရင်တောင်. . .

တော်ပြီ. . .ဆက်မတွေးသင့်တော့. . .ဒါမျိုးက လုံးဝအဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ သူ့အပေါ်ထပ်ပြီး စိတ်လှုပ်ရှားမိတယ်ဆို မင်းက ခွေးပဲ. . .ရောင်လွှာ. . .

ပါးပြင်ပေါ်ပေါက်ခနဲလိမ့်ဆင်းသွားတဲ့ မျက်ရည်တစ်စက်ကို မယုံကြည်နိုင်စွာ ဖိသုတ်လိုက်၏။ သူ့ကိုရေသန့်ဘူးနဲ့ပစ်ပေါက်ပြီး လှည့်သာထွက်လာခဲ့တာ. . .ဆွံ့အပြီးကျန်ခဲ့တဲ့ သူ့ပုံရိပ်က မျက်လုံးထဲက မထွက်။ ဒီကိစ္စကို တစ်ယောက်ယောက်များကြားရင် ဒီလောက်ဒေါသထွက်စရာလိုလို့လားလို့မေးမှာ အသေအချာ. . .

ယုန်လေးဆိုတဲ့နာမည်. . .အိပ်မက်ထဲကနဲ့မတူညီစွာ သူ့နှုတ်ခမ်းကနေ ကျယ်ကျယ်လောင်လောင် ခုန်ပေါက် ထွက်လာပေမယ့် . . . ဘာလို့. . .

ရင်ဘတ်ကိုလက်နဲ့ဆုတ်ချေမိသည်။

ဘာလို့ ရင်တွေဒီလောက်ခုန်နေရတာလဲ. . .

မဖြစ်တော့ . . လက်ကောက်ပိုင်ရှင်ကိုမြန်မြန်ရှာမှဖြစ်တော့မည်။ ရောင်လွှာ့ ဦးတည်ချက်တွေ. . လမ်းမလွဲခင်. .

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now