စေညွှန့် ကို အဘိုးကို ကြည့်ရင်း ရေးခဲ့တယ်

879 56 30
                                    

အခုတော့ အဘိုးဆုံးသွားပါပြီ။ ဒီနေ့မနက် ဆယ်နာရီခွဲကပါ။ ( 13.8.2021)သောကြာနေ့ ပါ။

ရိပ်ငယ်ငယ်က အသက်နှစ်နှစ်မှာ အဖေဆုံးသွားတာကြောင့် နိုင်ငံခြားရောက်နေတဲ့ အမေက မစောင့်ရှောက်နိုင်လို့ သန်လျင်က အဘိုးနဲ့အဘွားအိမ်မှာ နေခဲ့ရတယ်။ အဒေါ်တွေနဲ့အတူတူ။ အသက်လေးနှစ်ကနေ ဆယ့်လေးနှစ်အထိပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တစ်အိမ်လုံးမှာ ရိပ်ကို မနှိပ်စက်တာ အဘိုးတစ်ယောက်ပဲ ရှိခဲ့တာပါတယ်။

သူလည်း လူဆိုတော့ မကောင်းတာတော့ရှိပေမဲ့ အဘိုးက တော်တော့်ကို ပြည့်စုံတဲ့လူထဲမှာပါပါတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မိန်းမမရှုပ်၊ လောင်းကစားမလုပ်၊ ပညာအရမ်းတတ်ပြီး စာအုပ်တွေအများကြီးဖတ်တဲ့ ရိပ်ရဲ့ Ideal typeပါ။ ဘာမေးလိုက်မေးလိုက် သူမသိဘူးဆိုတာ မရှိပါလောက်အောင် အရမ်း အံ့သြဖို့ ကောင်းတဲ့ လူစားမျိုးထဲမှာပါပါတယ်။ လောကကြီးမှာ အဲလောက်တော်တဲ့လူရှိတာ အမှန်ပဲလားလို့ တွေးရတဲ့ အထိပါပဲ။ ဟင်းဂျီးများတာ၊ မနက်ကချက်ထားတာကို ညနေမစားတာ၊ တစ်ခါတစ်ခါ ခေါင်းမာတာကလွဲရင် လူတွေ ယေဘူယျအားဖြင့် ပြစ်ချက်လို့ သတ်မှတ်ထားတာတွေ တစ်ခုမှ မရှိတဲ့လူပေါ့။

တမ်းချင်းကိုရေးတော့ စေညွှန့်Characterကို ဘယ်လိုထားရမလဲ မသိတဲ့အချိန်မှာ သန်လျင်အိမ်မှာ အဘိုးနဲ့ပြန်တွေ့တယ်။ အဲ့တုန်းက ရိပ်ကျောင်းမှာ ဂုဏ်ထူးတန်းဝင်တော့ အဘိုးက ပြောတယ်။ "သူ့အမေနဲ့ တူတဲ့လူတစ်ယောက်ပေါ်လာပြီပဲ။ တော်တယ်"တဲ့။ ရိပ်ကို တစ်ခါမှ မချီးကျူးခဲ့ဖူးတဲ့ အဘိုးရဲ့ ချီးကျူးစကားမို့လားမသိဘူး။ အဲ့အချိန်မှာ အဲဒီခံစားချက်ပေါ်လာတာပဲ။

စေညွှန်က အဘိုးလိုလူဖြစ်ရမယ်လို့။

တစ်ပုံစံတည်းတူအောင် ရေးထားတာ မဟုတ်ပေမဲ့ ကလေးဆိုးဆိုးတတ်တဲ့ အဘွားပြောသမျှ ဖြည့်စည်းပေးတာ၊ အကုန်နားထောင်ပေးတာ၊ အသက် 70ကျော်တဲ့အထိ သူတို့လင်မယား ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်အောင် ချစ်တာ....အဆင်မပြေတာတွေတော့ရှိတာပေါ့လေ။ အဘိုးကလည်း Characterတစ်ယောက်မဟုတ်တော့ စေညွှန့်လောက်မပြည့်စုံပေမဲ့ စေညွှန့် Characterဟာ အဘိုးဆီကနေ မြစ်ဖျားခံလာခဲ့တာပါ။ အဲဒါကြောင့်ပဲ စေညွှန့်ဇာတ်လမ်းကို သန်လျင်မှာပဲ ပျိုးခဲ့ပါတယ်။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeDonde viven las historias. Descúbrelo ahora