Chapter - 33

3.5K 333 57
                                    

ခြံထဲမှာ တစ်ကုပ်ကုပ်နဲ့တံမြက်စည်းလှဲနေရှာသည့် ကလေးငယ်ကို ပြတင်းပေါက်မှာရပ်ကာ ခန့်လင်းထွဋ်တစ်ချက်ငေးကြည့်လိုက်သည်။ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်အတွက်ဆို ရေလောင်းတာနဲ့တံမြက်စည်းလှဲတာကလွဲလို့ မြက်ရှင်းတာ အပင်ခုတ်တာ မြေသြဇာဖြန်းတာ ပေါင်းသင်တာစသည့် ခြံအလုပ်တွေက ကြမ်တမ်းလွန်းသည်။ ခြံအလုပ်သမားအဖြစ် မလိုအပ်သည့် အရွယ်ဆိုပေမယ့် တောင်းဆိုလာသည့်လူက ချစ်သူငယ်ချင်းကြီးရဲ့ ရွှေပန်းကန်လေးဆိုတော့ကာ ငြင်းဖို့ကလည်း အဟင်းတွေ အဟမ်းတွေ ဖြစ်ရ၏။

ခန့်လင်းထွဋ်ကိုယ်တိုင်ကလည်း အဲဒီနေ့က မြင်လိုက်ရတဲ့ ဒီမောင်နှမဘဝကို ဥပေက္ခာပြုဖို့ရာ ခက်ခဲလွန်းသလို မထင်မှတ်ထားလောက်အောင် အလုပ်ကြိုးစားသည်ကိုမြင်ရသည့်အခါ နောင်တမရမိတော့ပါ။ ဒါနဲ့များ ဒီကလေးဟာ ဘာလို့ အလုပ်မလုပ်ခဲ့ဘဲ တောင်းစားခဲ့တာပါလိမ့်။

ယဇ်ထုပ်ဖခင်ကြီးလက်ထဲက လွတ်မြောက်စေဖို့ ဒီမောင်နှမကို မွေးစားနိုင်ပေမယ့် အိမ်မှာအငယ်ကောင်ကလည်းရှိသေးသည်မို့ ဆင်းမကယ်ကောင်းသည့်ခြေထောက်လေးချောင်းကို လှေလေးတော့ပစ်ပေးထားသည့် သဘောသာဖြစ်သည်။ မနက်7နာရီကနေ ညနေ5နာရီအထိ တောက်တိုမယ်ရ အလုပ်ခ်ျန်အပြည့်ဆိုပေမယ့် နေ့စားသဘောမို့ ခုလုပ်ခုရသည့်အခါ ဒီကောင်လေး မညည်းမညူ လုပ်တတ်သည်။ လုပ်မယ့်လုပ်တော့လည်း သင်္ကြန်တွင်းတောင် မရှောင်။

ဟိုနားသွားလှဲလိုက် ဒီနားသွားလှဲလိုက်နှင့် ခြံထဲကသစ်ရွက်ခြောက်တွေကို တစ်နေရာမှာစုနေသည့် ထိုကောင်လေးက ကိုယ်လုံးတစ်ပတ်အလှည့်မှာ ပြတင်းပေါက်မှာရပ်နေသော ခန့်လင်းထွဋ်ကိုမြင်သည်။ အားလုံးကို ဖော်ဖော်ရွေရွေသာဆက်ဆံတတ်တာမို့ တစ်ချက်လှမ်းပြုံးပြလ်ုက်တာကို အနှီကောင်ပေါက်စကွေးက ခါးတစ်ချက်သာညွတ်ပြပြီး တံမြက်စည်းကို မနိုင်မနင်းကိုင်ကာ ခပ်တည်တည် ထွက်သွားတော့သည်။

ဘုရားသခင်. . .ယခုအချေခံလိုက်ရခြင်းလား . . . လူတိုင်းက လေးစားချစ်ခင်သော ဖြစ်တည်မှုကြီး ခန့်လင်းထွဋ်ကလေ။

မယုံကြည်နိုင်ခြင်းနှင့်ပါးစပ်ဟောင်းလောင်းပွင့်ပါက ယင်ကောင်တောင် တစ်အိုးတစ်အိမ်ထူမည်။ သို့သော် ခဏအတွင်းမှာတင် မြင်ကွင်းမှပျောက်ကွယ်သွားသူက ရှေ့ကိုဖျတ်ခနဲပြန်ရောက်လာပြီး ပြတင်းပေါက်ဆီကိုမော့ကြည့်လာသည်။ အနည်းငယ်ကျေနပ်သွားသလိုပဲ။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now