Chapter - 25

4.2K 416 55
                                    

"ဒီတစ်လလေးပါပဲ ငယ်လေးရာ ဆရာဝန်နဲ့ပြန်ပြပြီးတာနဲ့ မမ ငယ်လေးကို သေချာပေါက်မြန်မာနိုင်ငံကိုပြန်ပို့ပေးပါ့မယ် အခုတော့ ခဏလေးပြန်လာပေးပါနော်"ဆိုတဲ့ မမရဲ့ တောင်းဆိုမှုတွေ။ ကြည့်ရတာသူနဲ့မမအဆက်အသွယ်ရနေ၍များ. . .နှစ်ယောက်တိုင်ပင်ပြီး. .

အံကိုတစ်ချက်ကြိတ်မိသည်။ ထားပါတော့ ဂျပန်ကိုပြန်ခိုင်းနေတာ ဒီကိစ္စကြောင့်ဆို . . .ဒါဆို နမ်းတာကရော ဘာလို့လဲ. . .

"ပြောစရာမရှိတော့ဘူးလား"

ထိုမေးခွန်းကိုထပ်ခါတလဲလဲမေးခဲ့မိသည်ထင်၏။ သို့သော် . . . နောက်ဆုံးအချိန်ထိ ဘာမှပြောမလာတဲ့ သူ. . .

"မတားဘူးလား ကျွန်တော်တကယ်သွားတော့မှာ"

ခြံရှေ့မှာ စောင့်နေပြီဖြစ်တဲ့ ဘွားအိမ်က driverနဲ့ ကားကိုမသိချင်ယောင်ဆောင်ပြီး ခြေစုံရပ်မေးခဲ့ပေမယ့်လည်း. . .

"စာမေးပွဲသေချာဖြေခဲ့"

ထိုအချိန်ကတော့ ရောင်လွှာ ရင်ထဲက ခံစားချက်နဲ့မသက်ဆိုင်စွာ ခပ်ဟက်ဟက်လေးရယ်မောခဲ့မိသည်ထင်၏။
ရောင်လွှာ့ရယ်သံကိုတော့ မျက်မှောင်ကုတ်ဖော်ရသည်။ လည်ပင်းကိုခပ်ဖွဖွပွတ်၍ တစ်ခုခုကို အသည်းအသန်စဉ်းစားနေသေးသည့်သူ့ကို ရောင်လွှာ့မစောင့်ချင်တော့။

လှည့်ထွက်မည်ပြင်သည့်အခါမှ အနားကိုခပ်မြန်မြန်လျှောက်လာပြီး ရောင်လွှာ့ကိုယ်လုံးကို သူ့ရင်ခွင်ထဲနစ်ဝင်သွားအောင် ဆွဲသွင်းသည်။ အငြိမ်မနေနိုင်တော့သော ရင်ခုန်သံကို သူဒီလိုနည်းနဲ့ပဲ လက်သပ်မွေးသလား. .
ခင်ဗျားကတကယ်ပဲဘာလဲဗျာ. . .။

"ပြန်လာခဲ့ ကလေး. . .ဒီတစ်ခေါက်ပြန်လာရင် အကုန်လုံးအသင့်ဖြစ်နေမှာမို့လို့"

ကျောပြင်ကျယ်ကိုပြန်လည်ဖက်တွယ်ရင်း သူ့ရင်ခွင်ထဲ လုံးလုံးလျားလျားဝင်ရောက်ချင်ပေမယ့် အသိစိတ်နဲ့နှလုံးသားကို ချိုးနှိမ်မိသည်အခါ တောင့်ထားမိသည့်လက်မှာ သွေးတောင်မလျှောက်ချင်တော့. . .။ အခုထိ မခမ်းနိုင်သေးသည့်မျက်ရည်တို့ကိုလည်း မုန်းလှပြီ။

သူ့ရင်ခွင်ကိုခပ်မြန်မြန်တွန်းထုတ်ရင်း ချာခနဲလှည့်ပြေးထွက်လာမိသည့်အတွက် အရှုံးသမားဟု ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ချင်ပါ။ စိန်ခေါ်ချင်သည့်အရာတိုင်းဘာကိုမှ အရှုံးမပေးတတ်သည့် ရောင်လွှာက သူ့ရှေ့လဲကျသွားသည်ဆိုရင်တောင် ချက်ချင်းပြန်ထပြမှဖြစ်မည်။ ဒါယောကျာ်းတစ်ယောက်ရဲ့ မာနနဲ့ဖြစ်တည်ချက်ပဲ. .

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now