Chapter - 41

2.3K 303 69
                                    

"မနေ့က ဆရာနဲ့သွားပြတယ်မလား အခြေအနေဘယ်လိုလဲ မြေးငယ်"ဟူသော ညက ဘွား၏ စူးစမ်းမှုကို တုံဏှိဘာဝေ တုံ့ပြန်ပြီးနောက် နောက်တစ်နေ့ညနေမှာ ကိုယ့်သဘောကိုယ်ဆောင်ကာ အိမ်ကဒရိုင်ဘာကို မ,ထုတ်လာခဲ့သည်။ ရန်နိုင်တို့ကိုအိမ်အထိလာပို့ပေးမယ်ပြောတာနဲ့တင် ရောင်လွှာက မသွားရတော့ဘူးလား. . .အပြင်မထွက်ရတော့ဘူးလား. . .

"မသွားရတော့ဘူး"ဟူသည့် မနေ့ကစကားသည် မနေ့ကအတွက်ပဲအသုံးဝင်သည်။

"သူဌေးလေးတောင် ဆယ်တန်းအောင်စာရင်းထွက်တော့မယ်နော် ဘယ်လိုလဲ စိတ်မလှုပ်ရှားဘူးလား"

"ကျတာကပိုကောင်းတယ် နောက်တစ်နှစ်စာပြန်သင်ရမယ်"

"နောက်တစ်နှစ်ပြန်သင်ချင်တယ် ဟုတ်လား"

"အင်း ဆရာနဲ့မခွဲချင်သေးလို့"

"ဆရာနဲ့မခွဲချင်တာနဲ့တင် စာမေးပွဲကျချင်ရတယ်လို့လား ဆန်းပါ့"

ရောင်လွှာဟက်ခနဲရယ်ပြီး ကားမှန်ဘက်ကို ခေါင်းလှည့်လိုက်သည်။ ယောကျာ်းနှစ်ယောက်ကြိုက်တာထက်ပဲ ပိုဆန်းဦးမလား. . .ညီအစ်ကိုပါဆိုတာတောင် မခွဲနိုင်တာထက်ပဲ ပိုဆန်းဦးမလား. . .

မြေနီကုန်းတံတားပေါ်ကအဆင်း ပြည်သူ့ရင်ပြင်ရှေ့က ကားဖြတ်တော့ နေရောင်အောက် အိဆင်းနေတဲ့ ရွှေရောင်စေတီကိုဘွားခနဲမြင်လိုက်ရသည်။ အစိမ်းရောင်သစ်ပင်တွေကို ကျော်လွန်ကာ ကောင်းကင်ပြာထဲ မားမားမတ်မတ်ရပ်နေပုံကို သဘောကျမိ၏။

"အဲတာဘာလဲ"

"အယ်. .ဘယ့်နှယ် သူဌေးလေး အဲတာ ရွေတိဂုံဘုရားလေ"

"ရွှေတိဂုံ?"

နာမည်ကြားမှ သက်မှူးထက် ပန်းချီပြခန်းဆီမှာ မြင်ဖူးခဲ့တဲ့ စေတီမှန်းအမှတ်ရတော့သည်။

"တစ်ခါမှမရောက်ဖူးဘူးလား အန်တီပြောတာတော့ သူဌေးလေးက လျှောက်သွားနေတာဆို"

"အရင်ကပါ ဒီဘက်ကိုမရောက်ဖြစ်လို့ ဒါနဲ့ ဝေဇယန္တာလမ်းဘက်ကဘာလို့မသွားတာလဲ အဲဒီကပိုနီးတယ်မဟုတ်ဘူးလား"

ကားမောင်းသူက ရောင်လွှာ့ကိုလှည့်မကြည့်ဘဲ မီးဝါမှာတင် ကားကို အရှိန်လျှော့ရပ်၏။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now