Chapter - 47

2.8K 313 102
                                    

ရောင်လွှာသူ့အခန်းသူပြန်တက်သွားပြီဆိုတာသေချာတာနဲ့ စေညွှန် ဘွားအခန်းရှိရာကို ဦးတည်လျှောက်ခဲ့သည်။ မိုးညနဲ့အဆက်အသွယ်ရပြီး ရောင်လွှာ့therapistနေရာမှာ အစားထိုးဝင်ဖို့တောင်းဆိုခဲ့ပြီးသားမို့ မိုးညကတော့ဒီနေ့ စေညွှန်ရောက်လာမှာကို သိပါလိမ့်မည်။

ဒေါသအနည်းငယ်ထွက်သလိုရှိနေတာကြောင့် တံခါးခေါက်မိလား မခေါက်မိလားသိပ်မသဲကွဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်သင့်တယ်လို့သတိထားနေတဲ့ကြားက ဘွားအခန်းထဲကို စေညွှန် ဘာမှမလုပ်လိုက်နိုင်ခင်ဝင်သွားပြီးဖြစ်နေပါ၏။

"ဆရာ?"

ဘွားရဲ့အံ့သြနပန်းအာမေဋိတ်. . .

"ကိုစေ"

မိုးညလည်းဘေးမှာရှိနေသည်။ ပိုကောင်းသွားသည်ပေါ့။ မျက်နှာထား အပျက်ပျက်အယွင်းယွင်းတော့မဖြစ်ပါ။ တံခါးကိုညင်ညင်သာသာပဲပြန်ပိတ်ပေးပြီး ဘွားနဲ့မိုးညထိုင်နေသည့် နေရာကိုလျှောက်သွားလိုက်၏။ စေညွှန်အခုအချိန်မှာ ဘာစကားမဆို အေးအေးချမ်းချမ်းပဲပြောချင်သည်။ ဘာစကားဖြစ်ဖြစ်ပါ။

"သြော် ဟုတ်တယ် ဘွား. . .ဒီနေ့ ကိုစေလာမယ်လို့မပြောရသေးဘူးမလား therapistရှာမတွေ့သေးခင် ဦးသက်ဝေနေရာမှာ လောလောဆယ် ကိုစေ့ကိုမိုးညထည့်ထား . ."

"ပြောစရာတစ်ခုခုရှိနေတယ်မလား. .ဆရာ"

ဘွားအသံကတည်ငြိမ်နေပါ၏။ ကလေးမေးသမျှ အရာရာကိုအသင့်ဖြေနိုင်မည့် ဆရာမတစ်ယောက်၏ ကျက်သရေရှိမှုမျိုး။ စေညွှန်ခေါင်းတစ်ချက်ညိတ်ရင်း မိုးညဘေးကလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်တော့ ဘွားမျက်နှာမူရာနဲ့မျက်နှာချင်းဆိုင်။ ရောင်လွှာနဲ့ပက်သက်ရင် လူပျိုပေါက်လေးလို အလှုပ်အခတ်များလွန်းသည့်  မိမိကိုယ်ကိုယ် မရှက်မိပေမယ့် ဘွား၏ အသင့်ရင်ဆိုင်နေသည့် မျက်လုံးတွေကို နားလည်နိုင်ဖို့ စေညွှန်လည်းအေးချမ်းနေမှဖြစ်မည်။

"ရောင်လွှာနေပြန်မကောင်းမချင်း ကျွန်တော်ဒီအိမ်ပေါ်မှာနေပါမယ်"

"ရှင်?"

မိုးညရဲ့အထိတ်တလန့်အသံ. . .ထို့အတူ ဘွားရဲ့အံ့သြသွားတဲ့မျက်လုံးတွေ. . .

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now