Chapter - 29

4.1K 427 90
                                    

အတူတူနေလာခဲ့တဲ့အချိန်အတွင်း သင်ပေးခဲ့သည်မို့ အကျင်ဖြစ်နေတဲ့ ခြေထောက်တစ်စုံက အိမ်ရှေ့ဖိနပ်ချွတ်မှာ ဖိနပ်ကို အသာကပ်ချွတ်ပြီးတာနဲ့ အိမ်ထဲကိုတိုက်ရိုက်ဝင်ကာ ထိုင်ခုံပေါ်ပစ်ထိုင်မလို့ပြင်သည်။

"နေဦး ရောင်လွှာ ရေချိုးဦး ရေတွေစိုသွားသေးတယ်မလား"

အခုကျတော့လည်း စပ်ဖြဲဖြဲမျက်နှာလေးက တစ်ချက်မှပျက်မသွားသေး. . . စေညွှန့်ကိုသာ တစ်ချက်မော့ကြည့်ကာ
ပြုံးနေသေးသည်။ မနေနိုင်သည့်စေညွှန်ကသာ ပျင်းချွဲချွဲနေတဲ့ အကောင်ပေါက်ကို မထူကာ ရေချိုးခန်းထဲ ပို့ပေးရတော့သည်။

"ကိုကို"

သူတစ်ဦးတည်းသာ ခေါ်ခွင့်ရှိသည့် အမည်နာမကို နှုတ်ခမ်းဖျားကမချနိုင်ဘဲ တတွတ်တွတ် အမိန့်တော်ရှိနေတဲ့ ယုန်ဘုရင်လေးကို ဤလူမှာ မနိုင်။ ပြောသူကပြောရဲပေမယ့် ကြားရသူက နှလုံးပူတယ်. . .တကယ်. . .။

စိတ်မရှည်ဟန် သက်ပြင်းတစ်ချက်ကိုဟန်ဆောင်လုပ်ယူပြီး ရေချိုးခန်းထဲ အရောက်ပို့. . .တံခါးဆွဲပိတ်ပေးရတဲ့အထိ။ သို့သော် တံခါးကို ဟိုဘက်ခြမ်းကနေ အတင်းပြန်ဆွဲထားသူကြောင့် ရင်က မဆီမဆိုင် ခံသည်။

"ကျွန်တော့်ကိုရေချိုးပေးချင်ဘူးလား"

"ကဲ. . ."

ခပ်လျော့လျော့အပြုံးတစ်ခုနဲ့မာန်ရတော့သည်။

"ကိစ္စမရှိပါဘူးလေ အခုမဟုတ်လည်းနောက်ပေါ့"

ထူးထူးခြားခြား အပြုံးဝေနေသူ၏ ပါးပြင်ပေါ်က ခွက်ရာလေး လင်းလင်းရှင်းရှင်းရှိနေရာက ကွယ်ကာသွားသည့် ရေချိုးခန်းတံခါးကြောင့် နှမြောတဿ လက်လွှတ်ရသည်။

မနက်ခင်းတိုင်း အခုလိုဖြစ်နေဖို့ မသေချာပေမယ့် ဤပစ္စုပ္ပန်တရားမှာတော့ စေညန်တို့နှစ်ယောက်လုံး အချင်းချင်းထုတ်ပြောစရာမလိုပါဘဲ ရဲရင့်ဖို့ ခိုင်မာနေသလို။ နောက်နေ့တွေဆိုရင်တော့ ရောင်လွှာ့သာမန်ဘဝထဲကို တိုးဝင်ရင်း တတ်နိုင်သလောက် ထိခိုက်နာကျင်ခြင်းနည်းအောင် လက်တွဲခေါ်ဖို့ အသင့်ဖြစ်နေသည်မှာ တစ်ချက်လွှတ်အာဏာစက်အောက်က အသေခံတပ်သားလိုပါပဲ. . .

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now