"အဟမ်း Moon ကလည်း နေမကောင်းတော့ အိမ်ကို သတိရတာပေါ့
အိမ်ကိုသတိရတော့ ဝမ်းနည်းတာပေါ့" လို့
ခပ်ပေါ့ပေါ့လေးပဲ ပြန်ဖြေလိုက်သည်(Moon သိလား
ကိုယ့်အတွက် မဟုတ်တဲ့ Moon ရဲ့အချစ်တွေ
ကြောင့် ကိုယ့်အချစ်တွေကို Moon သိစရာမလိုတော့ဘူးMoon ကို တသတ်တာ တိတ်တခိုးလေး
ချစ်နေခွင့်ပဲပေးပါ )"ကဲ စာလည်းကူးပြီးပြီဆိုတော့ ငါလည်း
ပြန်တော့မယ် မနက်ဖန်ကျောင်းတက်တော့နော် စာမေးပွဲလည်းနီးနေပြီ""ငါ အောက်လိုက်ပို့ပေးမယ်လေ"
"ရတယ် ငါ့ဘာသာပဲဆင်းသွားတော့မယ်
အစာသေသေချာချာစားပြီးမှ ဆေးသောက်နော် Nile"ထွက်သွားသည့် Moon နောက်ကျောကို
ကြည့်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်မိသည်(Moon ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်
Moon ဘေးမှာရှိနေပေးမှာပါ
Moon ပျော်မယ်ဆိုရင်ပေါ့ )
နောက်တနေ့ကျောင်းတက်တော့ အေးမွန်က
" Moon ကိုစည်သာကို ငါတို့ပြလေ ငါတို့က
မြင်မှမမြင်ဖူးသေးတာကို နော် Nile""အင်း ပြမယ်လေ ညနေပြန်ခါနီး ဆိုင်ကယ် stand မှာသူတို့အဖွဲ့ ရှိတတ်တယ်"
ညနေရောက်တော့ အေးမွန်ရော ကိုယ်ရော Moon ချစ်တဲ့သူက ဘယ်လိုပုံစံမျိုးလည်းဆိုတာကိုတွေးရင်း စိတ်လှုပ်ရှားနေမိသည်
"ဟိုမှာတွေ့လား မျက်မှန်နဲ့ ဆိုင်ကယ်ပေါ်ခွ
ထိုင်နေတာလေ တွေ့လား""အေး ချောသားပဲ အရပ်သိပ်မရှည်တာပဲရှိ
တယ်""ဟုတ်တယ် ယောကျာ်းလေး ပု,ရင်မမိုက်ပါဘူး"
ကိုယ်လည်း အားရပါးရထောက်ခံလိုက်ပါသည်
(ဘာပဲပြောပြော ကိုယ် Jဝင်မိနေတာ မလွန်ပါဘူးနော်)
YOU ARE READING
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...