၇နှစ်ကြာပြီးနောက်
တီ တီ တီ
ဖုန်းကို ကြည့်ပြီး ပြုံးလိုက်မိသည်
"ဟယ်လို"
"ငါ Moon ပါ"
"ငါနင့်ဖုန်း နံပါတ်ကိုအလွတ်ရတယ်လေ"
"ငါတို့ မတွေ့ရတာ နှစ်ချို့နေပြီ တွေ့ကြရ
အောင်""ငါ့ကိုလာခေါ်မလား ရန်ကုန်မှာ ကားမမောင်းရဲသေးဘူး"
"အင်း"
၇နှစ်တာ ကာလအတွင်း အေးမွန်နဲ့သာ
အဆက်သွယ်ပြတ်သွားသည်သိပ်ချစ်ဖို့ကောင်းသည့် Moon ကတော့ စာနဲ့
ဖြစ်ဖြစ် gtalk မှ ဖြစ်ဖြစ် အမြဲအဆက်သွယ်
လုပ်ခဲ့သည်ကိုယ်ကသာ ကျောင်းတွေ ဆက်တိုက်တက်နေတာ Moon က ခုဆို သူဝါသနာပါသည့် commercial airline တခု ရဲ့ pilot
တယောက်တောင်ဖြစ်နေပြီသူ Malaysia မှာ pilot သင်တန်း ၂နှစ် သွားတက်တာတောင် မိမိနဲ့ လုံးဝအဆင်အသွယ်
မပြတ်ခဲ့အဲလောက်ထိ ချစ်ဖို့ကောင်းသည့် ကိုယ့်ရဲ့ Moon လေးပါ
မိမိကတော့ မိတ္ထီလာမှာ hons ထိတက်ပြီး
မန္တလေးတွင် master ကို 2နှစ်ကျော် ထပ် တက်
ကျောင်းတက်ရင်းနဲ့ပဲ အချိန်တွေကုန်မှန်းမသိကုန်လွန်ခဲ့သည်ကျောင်းပြီးမှ မိဘတွေ အခြေချရာ ရန်ကုန်သို့
ပြန်ရောက် လာတော့သည်Moon နဲ့ အဆက်အသွယ်မပျက်ရှိခဲ့ကြ၍
ရန်ကုန်သို့ မိမိပြန်ရောက်နေသည်ကို Moon သိထားသည်ပွန် ပွန် ပွန်
Moon ခြံရှေ့ ရောက်နေပြီမိမိမှာ ပြင်လို့ဆင်လို့မပြီးသေး
ရွေးလိုက်ရသည့်အဝတ်အစား
ဖီးလိုက်ရသည့် ဆံပင်
ရေမွှေးဆွတ်ထားမိတာများ ဘယ်နှကြိမ်မြောက်မှန်းမသိ
တခန်းလုံး မွန်တောင်နေပြီ
၇နှစ်ကြာပြီးမှ ပြန်တွေ့ရမည်ဆိုတော့ Moon ရှေ့မှာ ကိုယ့်ချစ်သူရှေ့မှာ ကိုယ့်ကိုကိုယ်
သပ်သပ်ရပ်ရပ်လေးတော့ဖြစ်ချင်မိသည်
CZYTASZ
👭Eternal Love👭 [စ/ဆုံး]
Romans(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...