CHAPTER 36

1.7K 126 37
                                    

ကလောနှင့် မြင်းခြံ ဟိုကူးလိုက် ဒီကူးလိုက်နှင့် ၁ နှစ်တောင် ပြည့်လုပြည့်ခင်

Moon ရှိနေသည့် ရန်ကုန်ဆိုသည့် အရပ်သို့ ၃လ တကြိမ်လောက်သာ ပြန်လာဖြစ်တော့
သည့်အပြင် အများဆုံးနေ ၂ပတ်ပင်

ပြန်ရောက်တိုင်း Moon, အေးမွန်တို့နဲ့ တွေ့ဖြစ်
ကြပေမယ့် Moon နဲ့ ၂ယောက်ထဲ မတွေ့ဖြစ်
အောင် တမင်သတ်သတ်ရှောင်နေရတာ
အမော

Moon ကို မေ့ပစ်လိုက်ဖို့ ခပ်လွယ်လွယ်ပြောခဲ့ပေမယ့် ကန်ဘောင်ပေါ်ကကိစ္စက ကိုယ့်
အတွေးတွေထဲမှာ ခုထိတဝဲလည်လည်

တကယ် မေ့မရတဲ့သူက ကိုယ်ဖြစ်နေသည်

(ကိုယ် ဝန်ခံပါတယ် Moon

ကိုယ်တို့အတူ ဖြတ်သန်းခဲ့ရတဲ့ ပထမဆုံး ည
လေးကို ကိုယ် ဘယ်လိုမှမေ့လို့ မရခဲ့ဘူး)

ဟူး ရင်မောလိုက်တာ

"fighting Nile"
ကိုယ့်ကိုကိုယ် ပြန်အားပေးနေမိသည်

အနည်းငယ် အနည်ထိုင်စပြုနေသည့် မိမိနှလုံးသားကို နောက်ထပ် စိုးစင်းမျှ မလှုပ်ခပ်စေချင်
တော့

အဟောင်းတွေ အသစ်ထပ်မဖြစ်စေလို

project တခုကြောင့် ရန်ကုန်သို့ မဖြစ်မနေပြန်လာရန် အကြောင်းဖန်လာသည်ကိုပင် စိတ်ထဲ
လေးနေမိသည်

Moon နဲ့ ခပ်ဝေးဝေးသာနေချင်မိတော့သည်

ဒီတခါတော့ project မပြီးမချင်း ရန်ကုန်မှာပဲ
သောင်တင်နေတော့မည့် အနေအထား

ပန်လာတိုင်း ရင်ထဲမှ ဟာတာတာနဲ့ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် လေးလံ,ထိုင်းမှိုင်း
နေတတ်သည်

သည်တကြိမ်လည်း ထိုနည်းတူစွာပင်

Moon ကို လက်လွတ်လိုက်ရပြီး
နောက်ပိုင်း အလုပ်တခုသာ ရှိမနေခဲ့ရင် ကိုယ်ဘဝက အဓိပ္ပာယ် ဖွင့်ဆိုဖို့တောင် ခပ်ခက်ခက်

အလုပ်တွေ သိမ်းကြုံးလုပ်ရင်း Moonကို မေ့
နိုင်အောင် ကြိုးစားရသည်မှာ ဘဝတွင် အခက်ခဲဆုံး အလုပ်တခု လုပ်နေရသလို

👭Eternal Love👭 [စ/ဆုံး]Tempat cerita menjadi hidup. Temukan sekarang