CHAPTER 35

1.6K 117 53
                                    

အရှေ့မှာရှိနေတဲ့ laptop ကို အဓိပ္ပာယ်မဲ့
ထိုင်ကြည့်နေမိသည်

ဒေါက် ဒေါက် ဒေါက်

"MD လက်မှတ်ထိုးဖို့ ကိစ္စ"

"ဒီရက်ပိုင်း လက်မှတ်ထိုးတာတွေ director ဆီသွားဖို့ မှာထားတယ်လေ"

ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိ

နေရင်းထိုင်ရင်း အလိုလို ဒေါသထွက်နေတတ် တာတော့ သတိထားမိသည်

လေသံနည်းနည်း မာသွားတာသိလိုက်ပေမယ့် ကိုယ့်ရှေ့မှာ ရပ်နေတဲ့ ဝန်ထမ်းလေးကိုတော့တကူးတက မတောင်းပန်မိလိုက်

"မဟုတ်ဘူး MD ဒါက MD လက်မှတ်ထိုးမှ
ရမှာမလို့ပါ"

"ပြကြည့်
ဟာ ဒါတွေက director ကိုယ်စားထိုးလို့
ရတယ်လေ

မင်းအလုပ်ဝင်တာ ဘယ်လောက်ကြာပြီလဲ
ဒါလေးတောင်မသိဘူးလား

မထူးပါဘူး ထားခဲ့လိုက်တော့"

ကိုယ်အော်လိုက်တာ နည်းနည်းလွန်သွားသည်ထင်သည်

သူ့ခမျာ မျက်စိ မျက်နှာတွေကိုပျက်လို့

"ဟုတ်"

"သွားလို့ရပြီ"

ဘယ်ကတည်းက ထွက်သွားချင် နေမှန်းမသိ
သွားလို့ရပြီဆိုတာနဲ့ ရှေကနေ လှစ်ခနဲပျောက်သွားလေသည်

"ဟူး"

စားပွဲပေါ်သို့ လက်မှတ်လာထိုးခိုင်းသည့် ဖိုင်ကို ပစ်ချလိုက်သည်

ဝန်ထမ်းလေး ထွက်ထွက်သွားခြင်း ဘုန်း ဝင်လာပြီး

"မင်း ဒီလိုတွေ လုပ်နေတာ ဘာသဘောလဲ

ရုံးလာပြီး လက်မှတ်ထိုးစရာရှိတာတွေလည်း
ငါနဲ့လွှဲထားတယ်

ဘာအစည်းအဝေးမှလည်းမတက်

ဘာ decision မှလည်းမချ

ဝန်ထမ်းတွေကလည်း တောပြော တောင်ပြော ပြောနေကြပြီ

ခေါင်းဆောင်တယောက်က အဲလိုနေနေတာ
ဘယ်လိုလုပ် ဝန်ထမ်းတွေ motivate ဖြစ်တော့မလဲ

👭Eternal Love👭 [စ/ဆုံး]Tahanan ng mga kuwento. Tumuklas ngayon