CHAPTER 12

1.8K 84 0
                                    

"ဟာ Moon ကလဲ"

ရှက်လိုက်တာ မပြောပါနဲ့ တမင်သတ်သတ်လာနောက်နေသော Moon ကို ပိုအသဲယားလာသည်

"ကဲကဲ အောက်မှာ နေ့လည်စာ အသင့်ပဲ စားပြီးမှ သွားကြရအောင်"

အောက်ထပ်ဆင်း ထမင်းစားပွဲရှေ့အရောက် Moon မေမေက

"သမီး မေမေတို့ဖေဖေတို့ရော နေကောင်းလား"

"ဟုတ် ကောင်းပါတယ် အန်တီ"

"ဖေဖေ ရော ဂေါက်ရိုက်ဖြစ်သေးလားကွ
ဦးကတော့ ဒီရက်ပိုင်းပြန်ရိုက်ဖြစ်နေတယ်"

Moon ဖေဖေက ပါနှုတ်ဆက်ရင်းမေးသည်

"ဖေဖေ က ခါးနာနေလို့ swing လုပ်ရင် အဆင်မပြေလို့ နားထားရတယ် အန်ကယ်"

"ကဲပါ အရင်စားကြတာပေါ့ ဖေကြီးရာ စားရင်းမှ ဆက်ပြောကြတာပေါ့"

Moon ဝင်ပြောမှ ထမင်းစားသည့် ကဏ္ဌ
ရောက်တော့သည်

Moon ထည့်ပေးသည့် ထမင်းတွေ ဟင်းတွေစားလိုက် ချစ်စရာကောင်းသည့် Moon တို့
မိသားစုလေးနဲ့ စကားတွေဖောင်ဖွဲ့လိုက်နှင့်

"ဒါနဲ့ ဒါတွေအားလုံး အန်တီချက်တာဆို နင်ကဘာမှ မလုပ်ဘူးပေါ့"

"အောင်မာ ငါနင့်ကို ထမင်းခူးပေးတယ် ဟင်း
ထည့်ပေးတယ် နင်သောက်တဲ့ juice လဲငါ
ဖျော်ပေးထားတာလေ"

"တော်တော် ပင်ပန်းသွားဦးမယ် ဘူးထဲက ဖန်
ခွက်ထဲ ပြောင်းထည့်ပေးပြီးတော့များ"

"ဘာလဲ နင်ကမကျေနပ်ဘူးလား

အဲဒါတောင် နင်မို့လုပ်ပေးတာနော်
အိမ်မှာ ငါကဘာမှ လက်နဲ့ထိတာမဟုတ်ဘူး"

"အော် ဟုတ်ကဲ့ ကျေးဇူးတင်လွန်းလို့ နောက်
တခါ အုန်းပွဲ ငှက်ပျောပွဲနဲ့ လာကန်တော့ပါ့မယ် အမိရယ်"

"ဟားဟားဟား" အားလုံးဝိုင်းရယ်ကြတော့
ထမင်းဝိုင်းလေးဟာ ပိုမိုအသက်ဝင်လာခဲ့သည်

"ဒီကလေးတွေဟာလေ စားစား စားပြီး မြို့ထဲသွားမှာ မလား"

👭Eternal Love👭 [စ/ဆုံး]Nơi câu chuyện tồn tại. Hãy khám phá bây giờ