CHAPTER 15 (unicode)

2.4K 140 0
                                    

လက်ထဲမှ all season hotels ဆိုသည့် စာအိတ်လေး၂အိတ်ကို ကိုင်ထားရင်း
ပြုံးနေမိသည်
ကုတင်ပေါ်ကျကျနနလဲရင်း ပထမစာ
အိတ်ပေါ်ကို ကြည့်လိုက်တော့

ဘာတဲ့

BANGKOK TRAINING
ချစ်သူထံသို့
ပေးစာ

မှ
မုန်းလို့မရတဲ့သူ

နောက်တခေါက်ထပ်ပြုံးရင်း ပထမတစောင်ထုတ်ဖတ်ကြည့်လိုက်သည်

Day 1

စစရောက်ချင်းနေ့မို့လားမသိဘူး အခန်းထဲမှာရှိနေတာနဲ့ နင့်ကိုသတိရနေမိတယ် အခုချိန်ဆို နင်များဘာလုပ်နေမလဲလို့ပေါ့ ကျိန်သေးတာကတော့ ငါ့ကိုတော့နဲနဲပါးပါး လွမ်းနေမှာပေါ့နော် ဘာလို့လဲဆိုတော့ ငါတို့ရဲညဂျူတီ (ဖုန်းပြောနေကျ) အချိန်ရောက်လာလို့လေ ဒါပေမယ့် အရမ်းကြီးတော့ ဝမ်းနည်းနေတဲ့ စိတ်မျိုးမဖြစ်မိဘူး ဘာလို့လဲဆိုတော့ ၄ရက်လောက်နေရင် ပြန်လာရမှာလေ အကြာကြီးခွဲနေရမှာမှ မဟုတ်တာနော် ၁လလောက်သာနေရမယ်ဆိုရင် တော်တော်ကြီးကို ဝမ်းနဲပက်လက်ဖြစ်နေမှာ ဘာပဲပြောပြော "အရမ်းအရမ်းကို ❤❤❤❤❤" နင့်ကို
22:03pm

အရမ်းဖုန်းဆက်ချင်တာပဲ ဒါပေမယ့် ငါကနင်ငါ့ကို အရမ်းလွမ်းနေမှာကိုလိုချင်တာလေ အဲဒါကြောင့်မို့ အောင့်ထားရဦးမှာပဲ ဖုန်းဆက်ချင်စိတ်ကိုပေါ့
22:11pm

MISSING U SO SO SO.....
အသဲ နင် Star Movies ကြည့်တယ်ဆိုလို ငါလဲ Star Movies ကြည့်နေတယ် နင်ပြောသလိုလေ တစ်မိုးအောက်ထဲမှာ channel တလိုင်းထဲကို အတူတူကြည့်နေကြတယ်လို့ ခံစားမိတယ် အနည်းဆုံးတော့
1:23am

Day 2
အသဲ
ဒီနေ့ ၂ရက်မြောက်နေ့နော် တယောက်တည်း အပြင်မှာ dinner သွားစားရတယ် အရမ်းအထီးကျန်တာပဲ ဘာလို့လဲ သိဝူး လွမ်းနေတုန်းပဲ သတိရမိတာနဲ့ တပြိုင်နက် နင်များဘာလုပ်နေမလဲလို့ တွေးမိတာ ဘာလို့လဲ သိဝူးနော် 8:15pm hotel ကနေ simulator သွားရမယ် ပြန်လာရင် 12:00am ကျော်နေပြီဆိုတော့ အရမ်းအိပ်ချင်နေရင် ဘာမှမရေးဖြစ်တော့မှာစိုးလို့ အရမ်းလွမ်းနေတုန်း စာထရေးလိုက်တာ
"I love u baby muah muah muah!
18:10pm

အသဲ
ဒီစာကို ငါဘယ်မှာရေးနေလဲ သိလား?
simulator သွားဖို့ captain တို့ကို စောင့်နေတုန်း reception က စာရွက်တောင်းပြီးထိုင်ရေးနေတာ နင့်ကို သတိရလာလို့လေ နင်ပေးထားတဲ့ အနွေးထည်လေး ဝတ်သွားတယ် သိပ်နွေးတာပဲသိလား? ဒီတခါတော့ အသုံးတည့်သွားပြီ ပြန်လာရင် နင့်ဆီဖုန်းခဏခေါ်မယ် နင်အိပ်ချင်မူးတူးဖြစ်နေမှာ သိနေတယ်လေ ထင်လည်းထင်ထားမှာ ဟုတ်ဝူး ဟုတ်တယ်ဟုတ်?ဘာပဲဖြစ်ဖြစ် MISSING U!
20:10pm

👭Eternal Love👭 [စ/ဆုံး]Onde histórias criam vida. Descubra agora