CHAPTER 16 (unicode)

2.5K 159 4
                                    

တူ တူ တူ

ဘယ်နှကြိမ်ခေါ်ခေါ် လုံးဝဖုန်းမကိုင်တော့ပါ

call list ကို ကြည့်လိုက်တော့ ဒါနဲ့ပါဆို
၇၂ကြိမ်မြောက်

တစ်ညလုံးဆက်လည်းမကိုင် တစ်မနက်လုံးဆက်လည်းမထူးခြား

လူကလည်း ထိုင်ရတော့မလို ထရတော့မလို

နောက်ဆုံးတော့ Moon ဖတ်သည်ဖြစ်စေ
မဖတ်သည်ဖြစ်စေ sms တစောင်ချရေးလိုက်သည်

"Moon ရာ ငါ့မှာလွမ်းလွန်းလို့ ဘာရေးရမှန်းမသိတော့လို့ နင့်နာမည်ချည်းပဲ ချရေးနေခဲ့မိတာပါ

Moon သိလား ဝမ်းနည်းရင် လူတွေမျက်ရည်ကျကြတယ် ငိုကြတယ်ပေါ့ဟာ

ဒါပေမယ့် ဝမ်းနည်းမှုက အတိုင်းဆမဲ့ သွားရင်
မငိုနိုင်တော့ဘူး

အဲလိုပဲ ငါလည်း နင့်ကိုလွမ်းတာ အတိုင်းအဆမဲ့သွားတယ်

ဘယ်လောက် လွမ်းကြောင်းတောင် စာနဲ့ စကားနဲ့ ဖော်မပြနိုင်တော့ဘူး

နင့်နာမည်ပဲ ထပ်ခါထပ်ခါချရေးမိသွားတယ်
အဲဒါ အပြစ်လား

အပြစ်ဆိုလည်း နင့်သဘောပါ

တခါတလေကြတော့ ငါ့ခံစားချက်တွေကို နင်
နားမလည်တာ ငါဝမ်းနည်းမိတယ်

နင်သိလား Moon ငါနင့်ကိုချစ်တာ အဆုံးအစမဲ့ချစ်တာ eternal love, unconditional love, platonic love တို့လိုပေါ့

ရယူပိုင်ဆိုင်လိုမှုထက် နင်ပျော်တယ်
စိတ်ချမ်းသာတယ်ဆို ငါဘယ်လောက် ပင်ပန်းစမ်းပါစေ နင်ပျော်ရွှင်နိုင်မယ့် လမ်းကိုပဲ ငါရွေးမှာပါ

ချစ်တယ်ချစ်တယ်လို့ ခဏခဏ ထုတ်မပြော
တတ်ပေမယ့် ငါ့အချစ်တွေကို နင့်နှလုံးသားနဲ့
ပဲမြင်နိုင်အောင်ကြည့်ပေးပါ

တကယ်တော့ ပါးစပ်ကနေထုတ်ပြောတဲ့
စကားလုံးတွေထက် နှလုံးသားချင်း
နားလည်မှုက ပိုမိုလေးနက်ပါတယ် Moon

သူများတွေလို ငါအရမ်း romantic ဆန်ဆန်
ချစ်ပြနိုင်မှချစ်ပြနိုင်လိမ့်မယ်

ဒါပေမယ့် သူများတွေထက် အကြာကြီး
သေတပန် သက်တဆုံး ငါ့နောက်ဆုံးထွက်သက်ထိချစ်သွားမယ့်သူက နင် တစ်ယောက်ထဲပါ Moon

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora