CHAPTER 2 (unicode)

3.1K 217 0
                                    

ဒီလိုနှင့် ၃ ယောက်သား ဆိုးတူ ကောင်းတူ
ဘယ်သွားသွား မခွဲတူတူ သွားဖြစ်ကြသည်

ကျောင်းသို့ Moon နဲ့ အေးမွန်က ကား၊ဆိုင်ကယ် အသီးသီးဖြင့် လာကြသော်လည်း

မိမိမှာ ကျောင်းနှင့်အိမ် အတော်တန်ဝေးသည့်အတွက် ကျောင်းအနီးနားအဆောင်တွင် နေ၍
ပြိုင်ဘီးဖြင့် သာကျောင်းသွားလေ့ရှိသည်

၃ယောက်အတူ ရုပ်ရှင်ကြည့်ရန် ဗေဒင်သွားမေးရန် နှင့် များစွာသောအကြောင်းပြချက်များဖြင့် တက္ကသိုလ် ကျောင်းသားတို့၏ ထုံးစံအတိုင်း
အတိုင်အဖောက်ညီညီ ကျောင်းလစ်ကြသေး
သည်

တခါတရံလည်း ဘာရယ်မဟုတ် စာသင်ရမှာ
ပျင်းပျင်းရှိသည်နှင့် နီးနီးနားနား မိမိအဆောင်သို့သွားကာ

စက်ဘီးတလှည့်စီစီးကြ၊ မုန့်လျောက်စားကြ၊
စကားတွတ်ထိုးကြနဲ့ ခင်မင်ရင်းနှီးမှုတွေ တစ တစ တိုးတက်လာခဲ့သည်

ထို့ပြင် ကျန်းမာရေးချူချာသော အေးမွန်၏
ကျောင်းပျက်ရက်များကို Moonနဲ့ နှစ်ယောက်ထဲ ဖြတ်သန်းရတာ ကြည်နူးမဆုံးဖြစ်ရသည်

(အေးမွန် သိလို့တော့မဖြစ်ပါ 😛😁😜)

ရင်းနှီးမှု ကြာလာသည်နှင့်အမျှ Moon အိမ်
အကြာင်း၊ မိဘတွေအကြောင်း၊ ငယ်ဘဝ
အကြောင်းများကို Moon ကစိတ်ပါလက်ပါနှင့်အသေးစိတ် ပြောပြတတ်သေးသည်

Moon နဲ့စကားပြောတိုင်းသူ့မျက်နှာလေးကို
တစိမ့်စိမ့်ခိုးကြည့်ရတာ ရင်ခုန်လိုက်တာ

သူပြောသည့် အချက်အလက်တွေကို ခေါင်းထဲမှာ အစီအရီမှတ်သားရင်း သူနဲ့ကိုယ်နေရာ
တော်တော်များများတွင် အကြိုက်ချင်း တူနေ
တတ်တာကိုလည်း သတိထားလိုက်မိသည်

"ယမ်ယမ်ချဉ်စပ်ကို ကြက်ဥမွှေ ထည့်ပေးပါ
ဖလူတို တစ်လုံးပါပေးပါ"

ကန်တင်းန်မှာ နေ့လည်စာအတွက် မှာလိုက်
တော့ Moon က ဝိုင်းစက်ပြီး အံအားသင့်နေ
သည့် မျက်လုံးလေးများဖြင့်

"နင်တကယ် အဲဒါတွေကြိုက်တာလား ငါနဲ့
အေးမွန်ဆို အကြိုက်ချင်းလုံးဝမတူဘူး ငါ့မှာ
ခေါက်ဆွဲတစ်ပွဲလုံး အအေးတစ်ပုလင်းလုံး မကုန်ဘဲ မှာမှာစားနေရတာ

👭Eternal Love👭 [စ/ဆုံး]Onde histórias criam vida. Descubra agora