CHAPTER 6

1.7K 88 2
                                    

" ငါ...ငါ..."

"တော်တော့ အိပ်တော့ မနက်စောစောထ
စာကျက်ရဦးမှာမလား"

(သူဘာလို့ ကိုယ့်ဆီကအဖြေ မစောင့်တာလဲ
စိတ်ဆိုးသွားတာလား ဒါမှမဟုတ် ကိုယ်နဲ့
ပတ်သတ်လို့ ဘာမှ မခံစားရတာလား)

ဒီလိုနဲ့အတွေးတွေ ယောက်ယက်ခပ်သက်ပြင်း
တွေ အခါခါခိုးချနေမိသည်မှာ မနက်မိုးလင်း
သည်ထိ ကောင်းကောင်းအိပ်မရခဲ့ပါ

Moon ကို နမ်းလိုက်မိသည့် အကြောင်း Moon ဘက်က အစ မဖော်သလို မိမိဘက်ကလည်း မသိချင်ယောင်ဆောင်နေလိုက်သည်

နောက်နေ့တွေလည်း အလားတူကိစ္စမျိုး ထပ်ကျူးလွန်မိသွားလျင် လက်ကျန်သံယောဇဉ်
လေးပါ ပြတ်တောက်သွားမှာ ကြောက်၍
Moon ကိုကျောပေးအိပ်ခဲ့သည

စာမေးပွဲဖြေရန် တရက်အလို...

တနေကုန် စာပြန်နွေးရင်း စာမေးပွဲအတွက်
လိုအပ်သည်များကို ပြင်ဆင်ပြီး စောစောအိပ်
ရန်ပြင်ကြသည်

မိမိတို့ ၃ယောက်လုံးမှာ တက္ကသိုလ် ကျောင်းသားတို့၏ ထုံးစံအတိုင်း အနီးကပ် တလ
လောက်မှ စာ, စလုပ်ကြသည်ဖြစ်၍ စာမေးပွဲ
တွင် ကိုယ်ရွေးကြည့်ထားသည်များ ပါလာရန် အသည်းအသန် ဘုရားရှိခိုး ဆုတောင်းကြရ
သည်

မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေ၍လားမသိ
တော်တော်နဲ့ အိပ်မပျော်ကြပါ

မျက်လုံးမှိတ်ထားပြီး အိပ်ပျော်ရန်ကြိုးစားနေ
တုန်း Moon က တိုးတိုးလေးဆိုလာသည်

"ငါ အိပ်မပျော်ဘူးဟာ"

"နင် အိပ်ပျော်အောင် ငါဘာလုပ်ပေးရမလဲ Moon"

"တကယ်လား? အင်း ...အဲဒါဆို..."

ရုတ်တရက် မိမိဘယ်ဘက်ရင်ဘက်ပေါ်
ခေါင်းတင်ပြီး ဝင်အိပ်နေသည့် Moon

လက်တဖက်ကလည်း မိမိခါးကိုဖက်ထားသေးသည်

တသက်နှင့် တကိုယ် ဘဝမှာ Moon နဲ့
အဲလောက်နီးနီးကပ်ကပ် တခါမှ အတူမနေဘူးတော့

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora