December 30 @Moon Bakery
"မနက်ဖန် ဘာနေ့လဲ Nile"
" ဒီနေ့က 30 ဆိုတော့ မနက်ဖန် 31 ပေါ့ ဘာလို့မေးတာလဲ"
(December 31 က အချိုလေးမွေးနေ့မှန်းကိုယ်သိတာပေါ့
ဒီလိုနေ့မျိုးဆိုတာ တရေးနိုးထမေးရင်တောင် ကိုယ့် အသဲနှလုံးထဲစွဲနေတဲ့ နေ့လေး တနေ့ပေါ့)
ဒါပေမယ့် Moon ကို စ, ချင်တဲ့ကိုယ့်စိတ်က ထိန်းမရ သိမ်းမရ
Moon ဆိုသည်ကလည်း နှုတ်ခမ်းကို ထော်ထားလိုက်တာ တစ်တောင်လောက်တောင်ရှိ တော့မည်
"ဘာထူခြားတဲ့ နေ့မလို့လဲ အချိုလေးရဲ့"
နည်းနည်းထပ်ကလိလိုက်သည်
"ဘာမှ မထူးခြားပါဘူး"
"နင့်ကြည့်ရတာ ငါ့ကို နည်းနည်း အစာမကျေ
သလိုပဲနော်"ဘယ်ကျေမလဲ နော...သူ့မွေးနေ့မေ့နေတယ်
ထင်တာကိုး"ဘာမှ မဟုတ်ပါဘူးဆို ကဲ စားပြီးပြန်ကြမယ်"
"နင်ပဲ shopping ထွက်ဦးမယ်ဆို"
"ခု ထွက်ချင်စိတ်မရှိတော့လို့ ရပြီလား"
"Moon ဟာလေ အမျိုးမျိုးပဲ နင်နဲ့ကြာကြာ
ပေါင်းရင် ငါရူးသွားနိုင်တယ်"ဖျက်ခနဲ ရှု့တည်တည်နဲ့ ကိုယ့်ကို ဝါးစားတော့
မလို ကြည့်ရင်း"အဲဒါဆိုလည်း မပေါင်းနဲ့ပေါ့ ဘယ်သူကလာ
ပေါင်းခိုင်းလို့လဲ"ပြောပြီးတာနဲ့ ခြေကိုစောင့် ထွက်သွားပါလေ
ရောကိုယ့်မှာတော့ ပိုက်ဆံအမြန်ရှင်းပြီး သူ့နောက်အမြန်လိုက်ရတော့သည်
ကိုယ်ရောက်သွားတော့ သူက ကားစက်တောင်နှိုးနေပြီ
ဘယ်ရမလဲ ကိုယ်လည်း တံခါးဆွဲဖွင့်လိုက်ပြီး
"ဖယ် ငါပြန်လိုက်ပို့ပေးမယ်"
"နင့်ကားက ဘယ်လိုလုပ်မလဲ"
ပြန်လိုက်ပို့ပေးမယ်ဆိုတော့ နည်းနည်းတော့
လေသံပျော့သွားသည်"ဒီမှာထားခဲ့ပြီး ပြန်လာယူလိုက်မယ်"
"ဒီကို ဘယ်လိုပြန်လာမှာလဲ နင်က"
BẠN ĐANG ĐỌC
👭Eternal Love👭 [စ/ဆုံး]
Lãng mạn(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...