FINAL CHAPTER

2.5K 132 52
                                    

toilet မှ ထွက်လာလာချင်း လူတွေကြားထဲမှာ ဒူးထောက် ထိုင်ချပြီး ရှက်ရကောင်းမှန်းမသိ အသည်းအသန်ငိုနေသည့် လူသားလေးတယောက်ကို ဘေးတိုက်အနေအထားမှ ကျွန်မလှမ်း
မြင်နေရသည်

မှုန်ပြပြလေး ဖြတ်ခနဲ လှမ်းမြင်လိုက်ရင်တောင် သူမှန်း ကျွန်မမှတ်မိနေတာလည်း ခက်သား

ထိုလူသားလေးကိုကျွန်မ ပြုံးပြုံးလေး ကြည့်ပြီး သူ့ ရှေ့သို့ တည့်တည့် သွားရပ်လိုက်သည့်
တိုင်အောင် သူ့မျက်နှာသူအုပ် ငိုလို့ကောင်း
တုန်း

"ဘာလို့ ဒီလောက် ငိုနေတာ Nile"

မျက်ရည်တွေနဲ့ ကျွန်မကို မော့ကြည့်လာသည့်အနှီလူသား လေး ရဲ့ မျက်နှာမှာ အံ့သြခြင်း
ဝမ်းသာခြင်း ရှက်ရွံ့ခြင်း တွေ တဆင့်ချင်းစီ
ပြောင်းလဲသွားတာကို မြတ်နိုးစွာ ငေးကြည့်နေ
မိသည်

"Moon ငါ ငါ နင့်ကို မမီတော့ဘူး ထင်လိုက်တာ"

မတ်တပ်ထ ရပ်ပြီး ကျွန်မကို အတင်းဖက်ထား
လေသည်

"အရူး boarding လုပ်နေတာ bangkok transit flight ဟ

ငါက direct flight
departure time ကတော့ တူတူလောက်ပဲ

ငါ့ flight ကို delay ကြော်ငြာထားတာ မတွေ့ ဘူးလား"

ဘာမှ စကားမေးမရ ကျွန်မကိုသာ ဖက်ထား
သော Nile ကိုယ်လေး တချက်တချက် တုန်သွားတတ်တာကို သတိထားမိလိုက်သည်

ချစ်မြတ်နိုးစွာ ပြန်ဖက်ထားလိုက်ပြီး
ခဏလောက် ဆက်ငိုခွင့်ပေးထားလိုက်သည်

"ကဲ ဖယ်ပါဦး ငါ့ကို အဲလောက်တောင် တွေ့
ချင်နေတာ ဘာပြောမလို့လဲ"

မျက်ရည် ရွှဲလဲဖြင့် မျက်နှာချင်းဆိုင် ရပ်နေသည့် Nile ကို ကြည့်ပြီး ရယ်ချင်လာသည်

"မရယ်နဲ့ ငါ့မှာ နင့်ကို မီအောင် ကလော ကနေ
မနားမနေ တညလုံးမောင်းလာရတာ"

"အင်း အဲဒါကြောင့် တခုခု အရေးကြီးတာ ပြောချင်လို့လား မေးတာလေ"

တမင်သတ်သတ် သူ့အတွက် စကားလမ်း
ကြောင်း ခင်းပေးလိုက်သည်

👭Eternal Love👭 [စ/ဆုံး]Where stories live. Discover now