@YKKO
တယောက်ထဲ အေးအေးလူလူ ညစာ စားနေစဉ်
မထင်မှတ်ထားဘဲ ကိုယ့်ရှေ့တည့်တည့် ရောက်လာသည့် Moon
"wow suprise လား Moon
ငါနဲ့တူတူ ညစာ လာစားတာလားလာ ထိုင်လေ ဘာစားမလဲ
ဝက်ကြေးအိုးဆီချက်ပဲလားနင်လာမယ်မှန်း သိရင်ကြိုမှာထားတာပေါ့
ခုတော့ စောင့်ရတော့မယ်ဗိုက်ဆာနေ ပြီလား Moon လေး"
ဆိုင်ရောက်တာနှင့် မှာ
မှာပြီးတာနှင့် ချက်ချင်းစားချင်တတ်သည့်
Moon အကျင့်ကိုသိနေ၍ မေးလိုက်ခြင်းသာကိုယ်ကသာ အားတတ်သရောတွေပြောနေတာ Moon ကတခုခုကိုပြောဖို့ အားယူနေသည်
မျက်နှာမော့ကြည့်လိုက်တော့လည်း ပြိုတော့
မယ့် ကောင်းကင်သဖွယ်"ဘာဖြစ်လို့လဲ Moon"
"ငါ မင်္ဂလာဆောင်တော့မယ် ဒီမှာ ဖိတ်စာ
တစောင်က နင့်အိမ်အတွက်"ပြောပြီး ချက်ချင်းပြန်လှည့်ထွက်သွားသည်
ရုတ်တရက် ဖြစ်သွားသည့်အခြေနေမို့
၁၀ စက္ကန့်လောက် ကြက်သေသေသွားသည်Moon ထားခဲ့သည့် ဖိတ်စာလေး ၂စောင်
စားပွဲပေါ်ကနေ ကိုယ့်ကို လှောင်ပြောင်နေသလိုခဏလေး ဘာတွေဖြစ်ကုန်တာလဲ
ဘယ်သူမင်္ဂလာဆောင်မှာလဲMoon က သူ့မင်္ဂလာဆောင်လို့ပြောသွားသည်ကို နားဖြင့်ဆက်ဆက်ကြားလိုက်မိသည်
ဇဝေဇဝါဖြင့် ပန်းရောင်ရင့်ရင့် ဖိတ်စာလေးကို
ဖွင့် ကြည့်လိုက်တော့ သတို့သမီးနေရာမှာ Moon"ဟာ...
ဘာလဲ ???
ဘာသဘောလဲ ?
Moon နောက်နေတာဖြစ်မှာပါ""April Fool Day များဖြစ်နေမလား"
ပြက္ခဒိန်ကြည့်တော့လည်း မဟုတ်Moon ဖိတ်စာပြန်ကြည့်တော့လည်း
မင်္ဂလာဆောင်မည့်နေ့က ၂၅ ရက်နေ့
ESTÁS LEYENDO
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...