"နင် မကြိုက်ရင် နောက်မလုပ်တော့ပါဘူး"မျက်လုံးလေး ကလယ်ကလယ်နှင့် ရိုးရိုးသားသား ဖိုးသခွားပုံစံဖြင့် စကားလမ်းကြောင်း လွှဲပစ်လိုက်သည်
ငယ်ငယ်လေးထဲက တအားရှက်တတ်သည့်ကိုယ်
မိမိရဲ့အရေးကြီးသည့်နေရာတွေကို ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ပြဖူးတာမဟုတ်
"နင်အင်္ကျီကို ကြယ်သီးအပြည့်တပ်ထားတာတော့ လွန်လွန်းတယ်လို့မထင်ဘူးလား ငါ့ကျတော့ရော မရှက်ရဘူးလား"
"ဟို ဟို ငါ ငါလေ ဘဝမှာ ECG တောင်မဆွဲဖူးဘူး ECG ဆွဲတဲ့သူကို ပြရမှာစိုးလို့"
"ဟားဟားဟား Nile ရယ် ဘယ်လိုလေးလဲဟ ငါက စ,တာပါ အဲလောက်ဖြစ်မနေပါနဲ့ ကြည့်ပါဦး ချွေးတွေတောင်ပျံနေပြီ"
Moon ထ ရယ်မှပဲ ကိုယ်လည်း အသက်ရှူချောင်တော့သည်
"ဟူး"
"ဘာလဲ ခုမှ နေရထိုင်ရသက်သာသွားတာလား ဟေ့ Nile နင့်ဖုန်းမြည်နေတယ်"
မိမိဖုန်းမှ message ဝင်လာခြင်းသာ
"message ဝင်တာဖြစ်မယ် ကြည့်လိုက်လေ"ကိုယ့် ဖုန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ
"နင် ဘာတွေ ရှုပ်ထားတာလဲ Nile""ဟင် ဘယ်သူ့ဆီကမို့လဲ"
"ရော့ ကိုယ့်ဘာသာကြည့် မောင်ဆိုပဲ"
မျက်နှာက စူပုတ်နေပြီး ကိုယ့်ကိုဖုန်းလှမ်းပေးသည့် Moon
ကိုယ်လည်း message ကို အစ အဆုံး ၂ခေါက်လောက်ပြန်ဖတ်လိုက်ရသည်
ဘာတဲ့(မောင်, ဘာလို့ ဖုန်းမဆက်တာလဲ ချစ်ကို စိတ်ဆိုးနေတာလား ဒီညတော့ ဖုန်းကိုင်ပါဦးနော်)
ရုတ်တရက် ခေါင်းမွှေးတွေတောင် ထောင်သွားသည်
"ဘယ်သူလဲဟင်"
"အဲဒါ နင့်ကိုမေးရမှာလေ နင့်ဆီပို့တာကို"
"ဖုန်းနံပါတ်ကတော့ အစိမ်းပဲ"
"အဲဒါဘယ်သူလဲ နင့်ကိုလည်း မောင်တဲ့"
"Moon နော် တခါထဲပြောလိုက်မယ် ခုနက မောင်လို့ဖတ်လိုက်ရတာတောင် ကြက်သီးထသွားတယ်
YOU ARE READING
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...