CHAPTER 16

1.7K 92 4
                                    

တူ တူ တူ

ဘယ်နှကြိမ်ခေါ်ခေါ် လုံးဝဖုန်းမကိုင်တော့ပါ

call list ကို ကြည့်လိုက်တော့ ဒါနဲ့ပာဆို
၇၂ကြိမ်မြောက်

တညလုံးဆက်လည်းမကိုင် တမနက်လုံးဆက်လည်းမထူးခြား

လူကလည်း ထိုင်ရတော့မလို ထရတော့မလို

နောက်ဆုံးတော့ Moon ဖတ်သည်ဖြစ်စေ
မဖတ်သည်ဖြစ်စေ sms တစောင်ချရေးလိုက်သည်

"Moon ရာ ငါ့မှာလွမ်းလွန်းလို့ ဘာရေးရမှန်းမသိတော့လို့ နင့်နာမည်ချည်းပဲ ချရေးနေခဲ့မိတာပါ

Moon သိလား ဝမ်းနည်းရင် လူတွေမျက်ရည်ကျကြတယ် ငိုကြတယ်ပေါ့ဟာ

ဒါပေမယ့် ဝမ်းနည်းမှုက အတိုင်းဆမဲ့
သွားရင် မငိုနိုင်တော့ဘူး

အဲလိုပဲ ငါလည်း နင့်ကိုလွမ်းတာ
အတိုင်းအဆမဲ့သွားတယ်

ဘယ်လောက် လွမ်းကြောင်းတောင်
စာနဲ့ စကားနဲ့ ဖော်မပြနိုင်တော့ဘူး

နင့်နာမည်ပဲ ထပ်ခါထပ်ခါချရေးမိသွားတယ်
အဲဒါအပြစ်လား

အပြစ်ဆိုလည်း နင့်သဘောပါ

တခါတလေကြတော့ ငါ့ခံစားချက်တွေကို နင်နားမလည်တာ ငါဝမ်းနည်းမိတယ်

နင်သိလား Moon ငါနင့်ကိုချစ်တာ အဆုံးအစမဲ့ချစ်တာ eternal love, unconditional love, platonic love တို့လိုပေါ့

ရယူပိုင်ဆိုင်လိုမှုထက် နင်ပျော်တယ် စိတ်ချမ်းသာတယ်ဆို ငါဘယ်လောက် ပင်ပန်းစမ်းပါစေ နင်ပျော်ရွှင်နိုင်မယ့် လမ်းကိုပဲ ငါရွေးမှာပါ

ချစ်တယ်ချစ်တယ်လို့ ခဏခဏ ထုတ်မပြော
တတ်ပေမယ့် ငါ့အချစ်တွေကို နင့်နှလုံးသားနဲ့
ဲမြင်နိုင်အောင်ကြည့်ပေးပါ

တကယ်တော့ ပါးစပ်ကနေထုတ်ပြောတဲ့
စကားလုံးတွေထက် နှလုံးသားချင်း
နားလည်မှုက ပိုမိုလေးနက်ပါတယ် Moon

သူများတွေလို ငါအရမ်း romantic ဆန်ဆန်
ချစ်ပြနိုင်မှချစ်ပြနိုင်လိမ့်မယ်

👭Eternal Love👭 [စ/ဆုံး]Where stories live. Discover now