31st December
နိုးနိုးချင်း ဘယ်ကတည်းကပို့ထားမှန်းမသိသည့် Moon ဆီမှ message တစောင် ဖွင့်ဖတ်နေမိသည်
"Nile ဒီမနက် ငါ့ ပါးပါး မားမားတို့နဲ့ ဘုရားသွားရမှာမို့ နေ့လည်မှ အိမ်လာခဲ့လိုက်နော်"
"ဟူး"
သက်ပြင်းရှည်ကြီး ချလိုက်မိသည်
မိဘနဲ့ဆိုတော့လည်း အလျော့ပေးရမှာပေါ့အချိန်ယူပြီး ရေမိုးချိုး သပ်သပ်ရပ် ဖြီးလိမ်းပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့
"အငယ်လေး နေ့လည်စာသွားစားရအောင်
မောင်နှမတွေဆုံတုန်း"ကိုယ့်အမ ရန်ကုန်အလည်လာတုန်းMoon နဲ့
ချိန်းထားတာလည်းလိုသေးတော့ လိုက်သွား
လိုက်သည်စားပြီးသောက်ပြီးမှ Moon ဆီထွက်လာခဲ့သည်
"Moon က သူ့အခန်းထဲမှာ သမီး တက်သွား
လိုက်လေ" Moon မေမေပြောတာနဲ့"ဟုတ် အန်တီ" ဆိုပြီး အပေါ်တက်သွားတော့ ထုံးစံအတိုင်း မမက တံခါးက lock ချထားသည်
ဒေါက်ဒေါက်
ကျွီ
ပြုံးပြုံးလေး တံခါးကိုမှီပြီး လက်ဖြန့်နေသည့် Moon
အဓိပ္ပာယ်ကတော့ တွေ့တွေ့ချင်းမွေးနေ့လက်
ဆောင်တောင်းသည်ပေါ့တကယ်ချစ်စရာကောင်းပြီး ဟန်ဆောင်မှု ကင်းမဲ့သည့် ကောင်မလေးတယောက်ပါ
"မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေ Moon"
birthday present လေးကို Moon လက်ထဲထည့်လိုက်သည်
"ဘာလေးလဲ"
"ကြည့် ကြည့်လေ"
စိတ်လှုပ်ရှားစွာ ဖွင့်ဖောက်နေသည့် Moon
လက်သွယ်သွယ်လေးကို အမှတ်တမဲ့
ငေးကြည့်နေမိ၏"wow"
"ကြိုက်လား"
"အင်း အရောင်လေးကချစ်စရာလေး"
CZYTASZ
👭Eternal Love👭 [စ/ဆုံး]
Romans(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...