အရှေ့မှာရှိနေတဲ့ laptop ကို အဓိပ္ပာယ်မဲ့
ထိုင်ကြည့်နေမိသည်ဒေါက် ဒေါက် ဒေါက်
"MD လက်မှတ်ထိုးဖို့ ကိစ္စ"
"ဒီရက်ပိုင်း လက်မှတ်ထိုးတာတွေ director ဆီသွားဖို့ မှာထားတယ်လေ"
ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိ
နေရင်းထိုင်ရင်း အလိုလို ဒေါသထွက်နေတတ် တာတော့ သတိထားမိသည်
လေသံနည်းနည်း မာသွားတာသိလိုက်ပေမယ့် ကိုယ့်ရှေ့မှာ ရပ်နေတဲ့ ဝန်ထမ်းလေးကိုတော့တကူးတက မတောင်းပန်မိလိုက်
"မဟုတ်ဘူး MD ဒါက MD လက်မှတ်ထိုးမှ
ရမှာမလို့ပါ""ပြကြည့်
ဟာ ဒါတွေက director ကိုယ်စားထိုးလို့
ရတယ်လေမင်းအလုပ်ဝင်တာ ဘယ်လောက်ကြာပြီလဲ
ဒါလေးတောင်မသိဘူးလားမထူးပါဘူး ထားခဲ့လိုက်တော့"
ကိုယ်အော်လိုက်တာ နည်းနည်းလွန်သွားသည်ထင်သည်
သူ့ခမျာ မျက်စိ မျက်နှာတွေကိုပျက်လို့
"ဟုတ်"
"သွားလို့ရပြီ"
ဘယ်ကတည်းက ထွက်သွားချင် နေမှန်းမသိ
သွားလို့ရပြီဆိုတာနဲ့ ရှေကနေ လှစ်ခနဲပျောက်သွားလေသည်"ဟူး"
စားပွဲပေါ်သို့ လက်မှတ်လာထိုးခိုင်းသည့် ဖိုင်ကို ပစ်ချလိုက်သည်
ဝန်ထမ်းလေး ထွက်ထွက်သွားခြင်း ဘုန်း ဝင်လာပြီး
"မင်း ဒီလိုတွေ လုပ်နေတာ ဘာသဘောလဲ
ရုံးလာပြီး လက်မှတ်ထိုးစရာရှိတာတွေလည်း
ငါနဲ့လွှဲထားတယ်ဘာအစည်းအဝေးမှလည်းမတက်
ဘာ decision မှလည်းမချ
ဝန်ထမ်းတွေကလည်း တောပြော တောင်ပြော ပြောနေကြပြီ
ခေါင်းဆောင်တယောက်က အဲလိုနေနေတာ
ဘယ်လိုလုပ် ဝန်ထမ်းတွေ motivate ဖြစ်တော့မလဲဘာမှ မလုပ်လဲ company ဘာလို့လာနေသေးလဲ"
ဆရာကြီးစတိုင်နဲ့ လူကိုဟောက်လား ဟိန်းလားလာလုပ်နေသည့် ဘုန်းကို စိတ်ပျက်ပျက်နဲ့ မော့
ကြည့်လိုက်ပြီး
![](https://img.wattpad.com/cover/173010653-288-k902209.jpg)
YOU ARE READING
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...